BEC-TERO TV

ပြိုင်ပွဲဝင်ပုံစံသစ်နဲ့မြင်ရမဲ့ တောင်နဲ့ မြောက်နှစ်နိင်ငံ

18 Jan 2018     1,338 Views


 နောက်လမှာ ကျင်းပမဲ့ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲဖို့အတွက် တောင်နဲ့ မြောက် ကိုးရီးယားနှစ်နိုင်ငံလုံး ပေါင်းစည်းပြီး အလံတစ်ခုတည်း အသုံးပြုသွားမယ်လို့ သိရပါတယ်။

ပြုံချမ်းမှာ ကျင်းပပြုလုပ်မဲ့ အဖွင့်ပွဲမှာ ပါဝင်ဆင်နွှဲမဲ့ ကိုးရီးယား အားကစားသမားများဟာ အပြာရောင် ပန်နီဆူ လာကျွန်းဆွယ်ကို သရုပ်ဖော်ထားတဲ့ အဖြူရောင်အလံကို ကိုင်ဆောင်ပြီး စုပေါင်းချီတက်ကြမှာ ဖြစ်ပါတယ်။

အဲ့ဒီအလံကို ၂၀၀၆ ခုနှစ်က အီတလီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲမှာ တစ်ခါ အသုံးပြုခဲ့ပြီး ဒီဖေဖော်ဝါရီလမှာ ကျင်းပမဲ့ပွဲမှာတော့ နှစ်နိုင်ငံလုံးမှ အမျိုးသမီးဟော်ကီအဖွဲ့နှစ်ဖွဲ့ကို ပေါင်းပြီး တစ်ဖွဲ့တည်းအဖြစ် ပါဝင်ယှဉ်ပြိုင်စေမယ်လို့ အသိပေးခဲ့ပါတယ်။

မြောက်ကိုးရီးယားနိုင်ငံဟာ ပြိုင်ပွဲမှာ သရုပ်ပြဖို့အတွက် ချီးကျူးအားပေးသူ ၂၃၀၊ ပန်းချီဆရာ ၁၄၀ နဲ့ တိုက် ကွမ်ဒို ကစားသမား ၃၀ ဦးအပါအ၀င် စုစုပေါင်း ၅၅၀ ဦး စေလွှတ်မှာ ဖြစ်ပါတယ်။သူတို့အဖွဲ့ဟာ တောင်ကိုးရီးယားကို ဇန်န၀ါရီလ ၂၅ မှာ စတင်ရောက်ရှိမှာဖြစ်ပါတယ်။

ပြိုင်ပွဲအတွက် တာဝန်ရှိသူများကတော့ မြောက်ကိုးရီးယားမှ သံစုံတီးဝိုင်းအဖွဲ့ ၁၄၀ ကို ပါဝင်ဆင်နွှဲဖို့ သဘော တူခဲ့ပါတယ်။

တောင်နဲ့ မြောက်နှစ်နိုင်ငံဟာ လက်ရှိအချိန်မှာကျင်းပမဲ့ ပြိုင်ပွဲအတွက်သာ ယာယီငြိမ်းချမ်းရေးယူထားဆဲ အခြေအနေသာဖြစ်ပြီး အပြီးတိုင်ငြိမ်းချမ်းရေး မရသေးကြောင်း သိရပါတယ်။

 


18 Jan 2018     1,338 Views




RELATED

Most Popular of Special or Others

Most Popular of NEWS