BEC-TERO TV

လာလီဂါမှာ အသင်း(၁၆)သင်းထက် သွင်းဂိုးပိုမိုသွင်းယူထားတဲ့ မက်ဆီနဲ့ ဆွာရက်စ်

24 Jan 2018     1,317 Views


ဘာစီလိုနာအသင်းရဲ့ အဓိက တိုက်စစ်မှူး(၂)ဦးဖြစ်တဲ့ မက်ဆီနဲ့ ဆွာရက်စ်တို့ရဲ့ ယခုနှစ်ရာသီ လာလီဂါပြိုင်ပွဲ မှာသွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်ဟာ ပြိုင်ပွဲမှာပါဝင်ကစားနေတဲ့ အသင်း(၂၀)မှ အသင်း(၁၅)သင်းရဲ့ သွင်းဂိုးအရေအတွက်ထက်များပြားနေပါတယ်။ဘာစီလိုနာအသင်းဟာ စပိန်လာလီဂါပွဲစဉ်(၂၀)မှာ ရီးယဲဘက်စ်တစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး အဝေးကွင်း ပွဲစဉ်ဖြစ်ပေမယ့် ရာကီတစ်၊ မက်ဆီ၊ ဆွာရက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ (၅)ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပါတယ်။
 
 
အဲဒီပွဲ စဉ်မှာ မက်ဆီနဲ့ဆွာရက်တို့ဟာ သွင်းဂိုး(၂)ဂိုးစီသွင်းယူပေးခဲ့ပြီး လာလီဂါရဲ့သွင်းဂိုးအများဆုံး ကစားသမားစာ ရင်းမှာ အစဉ်အလိုက်ရပ်တည်ခဲ့တာဖြစ်ပါတယ်။ သူ တို့(၂)ဦးပေါင်း သွင်းယူထားတဲ့ လာလီဂါသွင်းဂိုး အရေအတွက်ဟာ လက်ရှိမှာ(၃၄)ဂိုးထိရှိနေပြီး အဆိုပါအရေ အတွက်က လာလီဂါမှအသင်း(၁၅)သင်း သွင်းယူထားတဲ့ သွင်းဂိုးအရေအတွက်ထက် ပိုမိုများပြာခဲ့တာဖြစ်ပါ တယ်။
 
 
တန်းဆင်းဇုန်ဖြစ်တဲ့ အဆင့်(၁၈)၊ (၁၉)နဲ့ အဆင့်(၂၀)နေရာတို့မှာ ရပ်တည်နေတဲ့ ဒီပိုတီဗို၊ လက်စ်ပါး မက်၊ မာလာဂါအသင်းတို့ဟာ လက်ရှိလာလီဂါပွဲစဉ်(၂၀)ပြီးချိန်မှာ ရဂိုး(၁၆)ဂိုး၊ (၁၄)ဂိုးနဲ့ (၁၁)ဂိုးသာသွင်းယူ ထားတာဖြစ်ပါတယ်။ အဆင့်(၁၇)နေရာက လီဗန်တေးအသင်းက ရဂိုး(၁၈)ဂိုးရရှိထားပြီး၊ အဆင့်(၁၆)နေရာက အလာဗတ်စ်က ရဂိုး(၁၉)ဂိုးနဲ့ အဆင့်(၁၅)နေရာက ရီးယဲဆိုစီဒက်ကတော့ ရဂိုး(၂၃)ဂိုးသာရရှိထားပါတယ်။ မက်ဆီနဲ့ ဆွာရက်စ်တို့ရဲ့ သွင်းဂိုးအရေအတွက်ထက် ဂိုးပိုမိုသွင်းယူထားတဲ့ လာလီဂါကလပ် (၃)သင်းသာရှိပြီး အဆင့်(၂)နေရာမှ အက်သလက် တီကို၊ အဆင့်(၃)နေရာမှ ဗလင်စီယာနဲ့ အဆင့်(၄)နေရာမှ ရီးယဲမက်ဒရစ်တို့ဖြစ်ပါတယ်။
 
 

24 Jan 2018     1,317 Views




RELATED

Most Popular of Football

Most Popular of Sport