BEC-TERO TV

ဘိုင်ယန်မြူးနစ်အသင်းနဲ့ လိဂ်သွင်းဂိုး(၁၀၀)ပြည့်မြောက်ခဲ့တဲ့ မူလာ

24 Jan 2018     1,345 Views


ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်ကစားသမား မူလာဟာ ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်(၁၉)မှာသွင်းဂိုး(၂)ဂိုးသွင်းယူနိုင်ခဲ့ပြီး အသင်းနဲ့လိဂ်သွင်းဂိုး(၁၀၀) ပြည့်မြောက်ခဲ့တာဖြစ်ပါ တယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ဝါဒါဘရီမင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘွန်ဒက်လီဂါပွဲစဉ်(၁၉)၊အိမ် ကွင်းပွဲစဉ်မှာ မူလာနဲ့ တိုက်စစ်မှူးလီဝန်ဒေါစကီးတို့ရဲ့သွင်းဂိုးတွေနဲ့ (၄)ဂိုး၊(၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
 
 
ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဧည့်သည်ဝါဒါဘရီမင်အသင်းကို ဦးဆောင်ဂိုးခွင့်ပြုခဲ့ရပေမယ့် ကစားပုံ ပျက်မသွားခဲ့ပဲ အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပြီး ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ သွင်းဂိုး(၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ မူလာဟာ ဘိုင်ယန်မြူးနစ်အသင်းတွက် လိဂ်သွင်းဂိုး(၁၀၀) ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။မူလာဟာ ဘိုင်ယန်မြူးနစ်လူငယ်အသင်းမှ ထွက်ပေါ်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ကစားသ မားဘဝတစ်လျှောက်လုံး ဘိုင်ယန်မြူးနစ်အသင်းမှာသာ ကစားခဲ့ပါတယ်။ (၂၀၀၈-၂၀၀၉) ဘောလုံးရာသီမှ စတင်ကာ စီနီယာအသင်းကြီးမှာ စတင်ပွဲထွက်ခွင့်ရရှိခဲ့ပြီး ယခုနှစ်ဘောလုံးရာသီအထိ (၁၀)ရာသီကြာ အသင်း မှာကစားထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
 
 
လက်ရှိအချိန်အထိအသင်းရဲ့အဓိကကစားသမားအဖြစ် အသင်းအပေါ်ပေးဆပ်ကစားနေခဲ့ပြီး သူ့ရဲ့ခြေစွမ်းကောင်းတွေကို ဆက်လက်ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ မူလာအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းအ တွက်ဘွန်ဒက်လီဂါပွဲ(၂၇၂)ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၁၀၀)အထိ သွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူဖြစ်ပါတယ်။ မူလာဟာ အသင်းအတွက် ပြိုင်ပွဲစုံ(၄၁၇)ပွဲအထိကစားခဲ့တာဖြစ်ပြီး သွင်းဂိုးစုစုပေါင်း(၁၆၇)ဂိုးအထိ သွင်းယူနိုင် ခဲ့ပါတယ်။
 
 

24 Jan 2018     1,345 Views




RELATED

Most Popular of Football

Most Popular of Sport