BEC-TERO TV

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာ နောက်ပိုင်းနှစ် ကစားသမားအပြောင်းအရွှေ့တွေမှာ အေးဂျင့်ခ အဆမတန်မြင့်တက်နေမှု

26 Jan 2018     1,306 Views


ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာ နောက်ပိုင်းနှစ် ကစားသမားအပြောင်းအရွှေ့တွေမှာ အေးဂျင့်ခ အဆမတန်မြင့်တက်နေမှုကြောင့် အေးဂျင့်ခတွေကို ကန့်သတ်ဖို့ကြိုးစားနေပါတယ်။ပြီးခဲ့တဲ့ဘောလုံးရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုထဲမှာတင် အေးဂျင့်တွေအတွက် အသုံးစရိတ်က ပေါင်သန်း(၂၂၀)ထိရှိနေပြီး ယခင်ရာသီကလပ် (၃၈)ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်းနှစ် တွေမှာ အေးဂျင့်တွေရဲ့ အခန်းကဏ္ဍက ပိုမိုအရေးပါလာပြီး ကစားသမားတွေကို ထိန်းချုပ်ကာ ငွေညှစ်တဲ့အဆင့်ထိရောက်နေတယ်လို့ ကလပ်အသင်းအချို့ကဝေဖန်ကြပါတယ်။
 
 
လက်ရှိမှာတော့ UEFA က ဘောလုံး လောကမှာ အေးဂျင့်တွေရဲ့ အခန်းကဏ္ဍကိုလျော့ချပြီး အေးဂျင့်ခအများ အပြားပေးချေနေရမှုကို ကန့်သတ်ဖို့ အတွက် စည်းမျဉ်းထုတ်ဖို့ကြိုးစားနေပါတယ်။ ရာသီအစက မန်စီးတီးအ သင်းဟာ ဘင်ဖီကာ ဂိုးသမား အီဒါဆန်ကို ခေါ်ယူရာမှာ အေးဂျင့်ဂျော့မန်ဒက်ကိုပေါင်(၇)သန်းထိပေးခဲ့ရသလို ယခင်ရာသီက မန်ယူ အသင်းက ပေါ့ဘာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူရာမှာလည်း အေးဂျင့်ရိုင် အိုလာကို ပေါင်(၂၃)သန်းထိပေးချေခဲ့ရပါတယ်။
 
 
ဒါ့အပြင် လက်ရှိဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာလည်း မန်ယူ အသင်းက အာဆင်နယ်အသင်းမှ ဆန်းချက်ကို ခေါ်ယူဖို့ကြိုးစားရာမှာ ဆန်းချက်ရဲ့အေးဂျင့်ဖြစ်သူ ဖာနန် ဒိုဖီလီစီဗစ်ကို ပေါင်(၁၅)သန်းထိပေးချေခဲ့တယ်လို့ မီဒီယာတွေကဖော်ပြနေကြပါတယ်။ UEFA ကတော့ ယခုလို အေးဂျင့်တွေရဲ့လုပ်ပိုင်ခွင့်တွေမြင့်တက်လာတာကို အလိုမကျဖြစ်နေပြီး စည်းမျဉ်းတွေနဲ့ကန့်သတ်မှာဖြစ်ပါ တယ်။
 
 

26 Jan 2018     1,306 Views




RELATED

Most Popular of Football

Most Popular of Sport