BEC-TERO TV

Walk With Music (Episode 213)

16 Jul 2015     1,386 Views


Meghan Trainor ● Dear Future Husband

ယနေ့ episode-213 မှာတော့ ပထမတစ်ပုဒ်အနေနဲ့တော့ Meghan Trainor ရဲ့ “Dear Future Husband” ဖြစ်ပါတယ်။ ဒီသီချင်းက သူရဲ့ စတုတ္ထမြောက် တေး album ဖြစ်တဲ့ “Title” မှ single တစ်ပုဒ်ဖြစ်ပါတယ်။ သူ့ရဲ့ album က Billboard 200 မှာ ၁နေရာရောက်ရှိခဲ့ပါတယ်။ သူက “All About That Bass” ဆိုတဲ့ single နဲ့ ရှေးဦးစွာ နာမည်ကြီးလာခဲ့ပါတယ်။

-

Rihanna ● American Oxygen

ဒုတိယတစ်ပုဒ်အနေနဲ့ကတော့ Rihanna ရဲ့နောက်ဆုံး single ဖြစ်တဲ့ “American Oxygen” ဖြစ်ပါတယ်။ ဒီသီချင်းကတော့ သူရဲ့ ၈ခုမြောက် studio album မှာပါဝင်မယ်လို့ထင်ပါတယ်။ သူရဲ့ album ကို R8 လို့နာမည် ပေးမယ်လို့ မှန်းထားပါတယ်။ ဒုတိယတစ်ပုဒ်အနေနဲ့ကတော့ Rihanna ရဲ့နောက်ဆုံး single ဖြစ်တဲ့ “American Oxygen” ဖြစ်ပါတယ်။ ဒီသီချင်းကတော့ သူရဲ့ ၈ခုမြောက် studio album မှာပါဝင်မယ်လို့ထင်ပါတယ်။ သူရဲ့ album ကို R8 လို့နာမည် ပေးမယ်လို့ မှန်းထားပါတယ်။ 

-

The Script ● Man On A Wire 

တတိယတစ်ပုဒ်နေနဲ့တော့ The Script အဖွဲ့ရဲ့ Man On A Wire ကိုဖွင့်ပြမှာဖြစ်ပါတယ်။ ဒီသီချင်းက No Sound Without Silence ဆိုတဲ့ album ထဲမှာပါဝင်ပါတယ်။ UK Album Official Charts မှာနံပါတ် ၁နေရာရရှိခဲ့ပြီး US Billboard Hot 200 မှာ နံပါတ် 10 ကိုရောက်ရှိနေပါတယ်။ 

-

Lenka ● Blue Skies 

နောက်ဆုံးတစ်ပုဒ်နေနဲ့တော့ Australia အဆိုတော် Lenka ရဲ့ Blue Skies သီချင်းကိုဖွင့်ပြမှာဖြစ်ပါတယ်။ ဒီသီးချင်းကတော့ သူရဲ့နောက်ဆုံးတေး album ဖြစ်တဲ့ The Bright Side မှာပါဝင်တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪

 


16 Jul 2015     1,386 Views




RELATED

Most Popular of Walk With Music

Most Popular of Entertainment