BEC-TERO TV

မြို့လည်ကောင်တွင် အသက် ၅၅ နှစ်အရွယ်အမျိုးသမီးအား နေ့ခင်းကြောင်တောင် အနုကြမ်းစီးကာ သားမယားပြုကျင့်

15 Feb 2018     1,276 Views


ဖေဖော်ဝါရီ ၁၃ ရက်နေ့က ဗိုလ်တစ်ထောင်မြို့နယ်တွင် တိုက်ခန်းတွင်ရှိနေသော အသက် ၅၅ နှစ်အရွယ်အမျိုးသမီးအား သားမယားပြုကျင့်ကာ ငွေနှင့်ရွှေထည်ပစ္စည်းများ ယူဆောင်သွားမှုတစ်ခု အဆိုပါနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဆောက်လက်စ (၈) ထပ်တိုက်ခန်း အဆောက်ဦး၏ ပထမထပ်တွင် အမျိုးသမီးကြီး ရှိနေပြီး သားဖြစ်သူနှင့် အလုပ်သမား နှစ်ဦးတို့မှာ တိုက်ခန်း ၆ လွှာတွင် အုပ်စီအချောသပ် လုပ်ငန်းများကို လုပ်ကိုင်နေကြသည်။

အမျိုးသမီးကြီးမှာ ပထမထပ်တွင် အဝတ်များခေါက်သိမ်းနေစဉ် အသက်(၃၀) အရွယ်ခန့် အမည်မသိအမျိုးသားတစ်ဦး ရောက်လာကာ အလုပ်လာရှာခြင်းဖြစ်ကြောင်း ပြောဆိုပြီး စကားပြောနေခဲ့ကြသည်။ စကားပြောဆိုရင်း နှစ်မိနစ်ခန့်အကြာတွင် အဆိုပါအမျိုးသားက အမျိုးသမီးကြီးအား ထောက်ကထွက်လာတာဟု ပြောပြီး ပိုက်ဆံထုတ်ပေးရန်၊ မထုတ်ပေးပါက မုဒိန်းကျင့်မည်ဟု ခြိမ်းခြောက်ခဲ့သဖြင့် ကြောက်လန့်ပြီး ငွေကျပ် နှစ်သိန်း ထုတ်ပေးခဲ့သော်လည်း နားကပ်ပါချွတ်ပေးရန်ပြောသဖြင့် ကျောက်ဖြူနားကပ်တစ်ရံ ထပ်မံဖြုတ်ပေးခဲ့ရသည်။

ထပ်မံ၍ အမျိုးသားက အမျိုးသမီးကြီး၏ သားဖြစ်သူ၏ ပုဆိုးတစ်ထည်အား ယူ၍ဆုတ်ဖြဲကာ အမျိုးသမီးကြီးအား အနီးရှိတိုင်တွင် ပုဆိုးပိုင်းဖြင့် ချည်နှောင်၊ ပါးစပ်ကို အဝတ်စဖြင့်ပိတ်ဆို့ကာ သားမယားပြုကျင့်ခဲ့ကြောင်း သိရှိရသည်။

ယင်းကဲ့သို့ အနုကြမ်းစီး အဓ္ဓမပြုကျင့်ခံခဲ့ရမှုကို အရေးယူပေးပါရန် တိုင်ကြားချက်အရ အမည်မသိ အမျိုးသား (စိစစ်ဆဲ) အား ဗိုလ်တထောင်မြို့မရဲစခန်း(ပ)၆၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၈၄ ဖြင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
 


15 Feb 2018     1,276 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS