BEC-TERO TV

ခေါက်ထားနိုင်သည့်ကား ဂျပန်တီထွင်

16 Feb 2018     1,346 Views


“Earth 1” လို့ အမည်ပေးထားတဲ့ ကားဟာ သာမန်ကားတွေနဲ့မတူပဲ ခေါက်ထားနိုင်တဲ့ လျှပ်စစ်ကားတစ်မျိုးဖြစ်ပါတယ်။ ဂျပန်ဒီဇိုင်းပညာရှင် ကူနီအို အိုကာဝါရာ က ဒီဇိုင်းရေးဆွဲတီထွင်ထားတဲ့ အဆိုပါကားဟာ ထရန်စဖော်မာ စက်ရုပ်ဆန်ပြီး ကွေးနိုင်ဆန့်နိုင်ပါတယ်။

ကူနီအို အိုကာဝါရာ က နံမည်ကြီး ဂျပန်ကာတွန်းဇာတ်လမ်းတွဲ Gundam ထဲက ဇာတ်ကောင်ပုံစံကို တီထွင်ခဲ့တာဖြစ်ပါတယ်။ ကားရဲ့အတွင်းပိုင်းဟာ လေယာဉ်မှူးအခန်းနဲ့ ဆင်တူတဲ့အတွက် ကားမောင်းသူက ပိုင်းလော့တစ်ယေက်လို ခံစားရမှာဖြစ်ပါတယ်။

ချိပ်ဆက်မှုစနစ် ၄ ခုနဲ့ ကားကို ခေါက်ချိုးနီးပါးချိုးနိုင်တဲ့အတွက် ပါကင်အကျယ်ကြီး မလိုပါဘူး။ ဂျပန်နိုင်ငံရဲ့ အမြန်လမ်းတွေမှာ မောင်းနှင်ခွင့်ကို လာမယ့် မတ်လမှာ ရရှိမှာဖြစ်ပြီး လတ်တလော ကားအစီး ၃၀ ခန့်မှာယူထားပါတယ်။

ဒါပေမယ့် ခေါက်နိုင်တဲ့ စက်ရုပ်လျှပ်စစ်ကားရဲ့ ဈေးနှုန်းကတော့ မသေးလှပါဘူး ဂျပန်ယန်း ၈ သန်း (ဒေါ်လာ ၇ သောင်း၊ ကျပ်သိန်း ၉၃၀ ခန့်) ကျသင့်မှာဖြစ်ပါတယ်။
 


16 Feb 2018     1,346 Views




RELATED

Most Popular of Special or Others

Most Popular of NEWS