BEC-TERO TV

၂၀၁၈ ခုနှစ် အော်စကာဆုရစာရင်းများ

05 Mar 2018     1,849 Views


အကြိမ် ၉၀ မြောက် အော်စကာဆုပေးပွဲအခမ်းအနားကြီးကို မတ်လ ၄ ရက်နေ့ အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မှာရှိတဲ့ ဒေါ်လ်ဘီဇာတ်ရုံကြီးမှာ ကြီးကျယ်ခမ်းနားစွာကျင်းခဲ့ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရု့တင်ပြသခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားများထဲမှ ထူးချွန်ဆုအမျိုးအစား ၂၄ မျိုးကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။


ထူးချွန်ဆုအမျိုးအစားများကတော့ -

1.    Writing (Original Screenplay)
2.    Writing (Adapted Screenplay)
3.    Visual Effects
4.    Sound Mixing
5.    Sound Editing
6.    Short Film (Live Action)
7.    Short Film (Animated)
8.    Production Design
9.    Music (Original Song)
10.    Music (Original Score)
11.    Makeup and Hairstyling
12.    Foreign Language Film
13.    Film Editing
14.    Documentary (Short Subject)
15.    Documentary (Feature)
16.    Directing
17.    Costume Design
18.    Cinematography
19.    Animated Feature Film
20.    Actress in Supporting Role
21.    Actor in a Supporting Role
22.    Actress In A Leading Role
23.    Actor In A Leading Role
24.    Best Picture

တို့ပဲဖြစ်ပါတယ်။


တစ်နှစ်တာအတွက် အကောင်းဆုံးဇာတ်ကားဆုကို “The Shape of Water” ဇာတ်ကားမှ ရရှိခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို “Darkest Hour” ဇာတ်ကားမှ သရုပ်ဆောင် “Gary Oldman” က ရရှိခဲ့ပါတယ်။

အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကိုတော့ “Three Billboards Outside Ebbing, Missouri” ဇာတ်ကားမှ သရုပ်ဆောင် “Frances McDormand” က ရရှိခဲ့ပါတယ်။
 

အကောင်းဆုံး ဒါရိုက်တာဆုကို “The Shape of Water” ဇာတ်ကားရိုက်ကူးသူ “Guillermo del Toro” က ရရှိခဲ့ပါတယ်။

 

အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ “l, Tonya” ဇာတ်ကားမှ "Allison Janney” က ရရှိခဲ့ပါတယ်။

 

အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို “Three Billboards Outside Ebbing, Missouri” ဇာတ်ကားမှ "Sam Rockwell" က ရရှိခဲ့ပါတယ်။

 

အကောင်းဆုံး အန်နီမေးရှင်းကားတွန်းဇာတ်ကားအဖြစ် “Coco” ဇာတ်ကားဖန်တီးသူ Lee Unkrich နဲ့  Darla K.Anderson  တို့က ရရှိခဲ့ပါတယ်။
 


05 Mar 2018     1,849 Views




RELATED

Most Popular of Special or Others

Most Popular of NEWS