BEC-TERO TV

ကျန်မာရေးနဲ့ညီညွတ်မှုအဆင့် လျှော့ချခံလိုက်ရတဲ့ Milo(မိုင်လို)

06 Mar 2018     1,749 Views


ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများအဖွဲ့ “Choice” ၏ ထောက်ပြဝေဖန်မှုများကြောင့် Milo ဟာ ကျန်းမာရေးနဲ့ ညီညွတ်မှု Rating စတားအမှတ်အသားများကို လျော့ချပေးရန် Nestle က သဘောတူလိုက်ခြင်းဖြင့် ကျန်မာရေးအတွက် လုံးဝသင့်လျော်မှုရှိသည်ဆိုတာ အပြည့်အဝ မဟုတ်မှန်ကြောင်း ဝန်ခံလိုက်သည်။


Milo ဆိုတာ ကလေး လူကြီးအားလုံး ခွန်အားဖြစ်စေသည်ဟူသော ခံယူချက်ဖြင့် သောက်သုံးခဲ့ကြသည့် Nestle ၏ ထုတ်ကုန်တစ်ခုဖြစ်သည်။ တစ်ကယ့်အခိုင်အမာ အမှတ်တံဆိပ်ဖြစ်သည့် Nestle ၏ ထုတ်ကုန် ဖြစ်သည့်အတွက် မိုင်လိုကို၊ အပူ အအေး၊ ရေခဲချောင်းအစရှိသည်ဖြင့် မျိုးစုံလုပ်စားကြသလို မိုင်လိုသောက်လျှင် ခွန်အားဖြစ်သည်ဟုလည်း ယုံကြည်ထားကြသည်။

သို့သော်လည်း ကျန်းမာရေး ကျွမ်းကျင်သူများ၏ ဝေဖန်ထောက်ပြမှုများကို သြစတြေးလျနိုင်ငံရှိ Nestle ကုမ္ပဏီက လက်ခံခဲ့ပြီး မိုင်လို အမှုန့်ဗူးများတွင် ပါဝင်သော ကျန်းမာရေးထောက်ခံချက် ကြယ်ပွင့်အမှတ်အသားကို လျော့ချပေးရန် ဆုံးဖြတ်ခဲ့ကြောင်း လတ်တလော သတင်းများအရ သိရှိရသည်။

Nestle မှ ကာကွယ်ပြောဆိုမှုအရ ကျန်းမာရေးထောက်ခံချက် ကြယ်ပွင့် ၄.၅ မှာ သောက်သုံးသူများအနေနဲ့ လက်ဖက်ရည်ဇွန်း (၃)ဇွန်းစာ မိုင်လိုမှုန့်နှင့် မလိုင်ထုတ်ထားသော နွားနို့ကို ရောစပ်သောက်သုံးပါက ကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း ထောက်ခံခြင်းသာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ကျန်မာရေးကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် “Choice” က မိုင်လိုအတွက် ကျန်းမာရေးထောက်ခံချက် ကြယ်ပွင့် ၁.၅ အဆင့်သာ ထိုက်တန်ကြောင်း ပြောဆိုခဲ့သည်။

“Choice” အဖွဲ့၏ ဦိးဆောင်သူ Katinka Day က “ဒီလိုကျန်းမာရေး ထောက်ခံချက်ပုံစံမျိုး ထည့်တားတာ အဆင်မပြေပါဘူး အထူးသဖြင့် မိုင်လိုကို မလိုင်အပြည့်ပါတဲ့ နို့နဲ့ရောစပ်သောက်သူတွေ၊ မိုင်လိုကို ရေခဲမုန့်နဲ့ ရောစပ်စားသူတွေအတွက် ဆိုရင်ပေါ့၊ စားသုံးသူတွေ မှန်မှန်ကန်ကန် ရွေးချယ်နိုင်အောင် အသိပညာပေးရမယ့်နေရာမှာ မားကတ်တင်းလှည့်ကွက်နဲ့ရိုက်ချလိုက်တာပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

လူတွေက ချော့ကလက်အခြေခံထားပြီး သကြားတွေအများကြီးပါနေတဲ့ အမှုန့်တွေမှာ ကျန်းမာရေးထောက်ခံချက်က ၄.၅ ကြယ်ပွင့်ဆိုတော့၊ ဒါမေးစရာဖြစ်နေပြီလေ” ဟု Day က ဖြည့်စွက်ခဲ့ပါတယ်။

Nestle ရဲ့ ပြောရေးဆိုခွင့်ရှိသူ Margaret Stuart က Milo အားဖြည့်အဟာရမှုန့် တစ်မျိုးတည်းမှာသာ ကျန်းမာရေးထောက်ခံချက်ကို ပြင်ဆင်ဖယ်ရှားပေးမှာဖြစ်သော်လည်း Milo နဲ့ဆက်နွယ်နေတဲ့ အခြားထုတ်ကုန်တွေမှာတော့ ဆက်လက်ထားရှိမယ်လို့ ပြောကြားခဲ့ပါတယ်။

ထို့ပြင် ယင်းကဲ့သို့ ကြယ်ပွင့်လျော့ချခြင်း (သို့) ဖယ်ရှားခြင်းကို စားသုံးသူနဲ့ ကုမ္ပဏီကြားမှာ နာလည်မှုမလွဲအောင် ရှုပ်ထွေးမှုတွေ မရှိအောင် အစိုးရရဲ့ စနစ်နဲ့ ပြန်လည် ဆန်းစစ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

သတင်း - CHOICE
 


06 Mar 2018     1,749 Views




RELATED

Most Popular of Special or Others

Most Popular of NEWS