BEC-TERO TV

၁၆ နှစ်အောက်ကလေးများအား ခွန်အားပြည့်အချိုရည် ရောင်းချခွင့်ပိတ်ပင်

06 Mar 2018     1,362 Views


ခွန်အားပြည့်အချိုရည် (Energy Drink) များကို ၁၆ နှစ်အောက် ကလေးများအား ရောင်းချခွင့်ကို ယခုအပတ် တနင်္လာနေ့က စတင်ကာ ယူကေရှိ အဓိကကျသော စူပါမားကတ်များတွင် ပိတ်ပင်လိုက်ပြီဖြစ်သည်။
အလားတူ ခွန်အားဖြည့်အချိုရည်များတွင် သကြားဓာတ်နဲ့ ကဖင်းဓါတ် မြင့်မားစွာ ပါဝင်နေသဖြင့် ကျန်းမာရေးနဲ့ အပြုအမူပိုင်းဆိုင်ရာကို ထိခိုက်နိုင်သဖြင့် ယင်းကဲ့သို့ ရောင်းချခွင့် ပိတ်လိုက်ခြင်းဖြစ်သည်။

Asda, Aldi, the Co-op, Lidl, Morrisons, Tesco, Sainsbury နဲ့ Waitrose ဆိုင်မှာတွင် အချိုရည် ၁ လီတာမှာ ကဖင်းဓါတ် ၁၅၀mg ပါဝင်သော အားဖြည့်အချိုရည်များ ဝယ်ယူမည်ဆိုပါက အသက် ၁၆ နှစ်ပြည့်ပြီးကြောင်း မှတ်ပုံတင်ပြရမည်ဖြစ်သည်။

ခွန်အားဖြည့်အချိုရည်များထဲတွင် Red Bull, Relentless, Monster Energy နဲ့ Rockstar တံဆိပ်တို့မှာ လူကြိုက်များတဲ့ နာမည်ကျော်အမှတ်တံဆိပ်တို့ ဖြစ်ကြသည်။ အဆိုပါအားဖြည့်အချိုရည်များကို အရွယ်ရောက်ပြီးသားလူငယ်များထက် ကလေးတွေက ပိုမိုသောက်သုံးကြောင်း သိရှိရပြီး ကဖင်းဓါတ် များစွာပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် မသင့်တော်ကြောင်း သတိပေးနေရသည်။

ထို့ပြင်ကဖင်းဓါတ်မြင့်မားသော အားဖြည့်အချိုရည်များမှာ ကလေးငယ်များတင်သာမက ကိုယ်ဝန်ဆောင်မိင်များလည်း သောက်သုံးရန်မသင့်ကြောင့် မဖြစ်မနေလိုက်နာရမည့် ကျန်ူမာရေးညွှန်ကြားချက်တွင် ဖော်ပြထားသည်။
 


06 Mar 2018     1,362 Views




RELATED

Most Popular of Special or Others

Most Popular of NEWS