BEC-TERO TV

ယာဉ်မတော်တဆမှုကြောင့် ၉ လသမီးလေး လွင့်စင်ထွက်ကာသေဆုံး

12 Mar 2018     1,360 Views


မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက မလေးရှားနိုင်ငံတွင် ယာဉ်မတော်တဆမှုတစ်ခုကြောင့် ဖခင်၏လက်တွင် ပွေ့ပိုက်ထားသော ၉ လသမီးအရွယ် ကလေးတစ်ဦး အပြင်သို့ လွင့်စင်ကျကာသေဆုံးခဲ့ရသည်။

ယနေ့နံနက် ၇:၅၀ မိနစ်အချိန်တွင် ကလေးငယ်၏ မိခင်ဖြစ်သူ Lim Hui Chee က ဆမ်ဘာဝမ်းမြို့ကနေ သူတို့နေထိုင်ရာ တီတီမြို့သို့ တိုယိုတာ Vios အမျိုးအစားကားကို မောင်းနှင်လာစဉ် လမ်းကွေ့တစ်ခု၌ အရှိန်မထိန်းနိုင်ဖြစ်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်သွားခဲ့ပြီး မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော ဟွန်ဒါ Civic အမျိုးအစား အပြင်းအထန်တိုက်မိကာ ကားမှာ နှစ်ပတ်သုံးပတ် လိမ့်ထွက်သွားပြီး ပရိုတွန်ဆာဂါအမျိုးအစားကားကို တိုက်မိပြီးမှ ရပ်သွားခဲ့တယ်လို့ ရဲအရာရှိ Kauarul Rizal Jenal က ဆိုပါတယ်။

ဖြစ်ပွားချိန်မှာ ၉ လသမီးငယ် “Wong Qan Ton” ကို ဖခင်ဖြစ်သူ “Wong Ting Sing” ၂၆ နှစ်က ပွေ့ချီထားခဲ့ရာမှ ယာဉ်တိုက်မှုကြောင့် ကလေးငယ် လမ်းမပေါ်လွင့်စင်ကျကာ ဦးခေါင်းထိခိုက် ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း ဆေးရုံမှ အတည်ပြုခဲ့သည်။
ဟွန်ဒါ Civic ပေါ်မှ ခရီးသည်ရော ယာဉ်မောင်းပါ ထိခိုက်ဒဏ်ရာမရခဲ့သော်လည်း ၂၃ နှစ်အရွယ် ပရိတွန်ဆာဂါကား မောင်းသူမှာ လည်ပင်တွင် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

- CNA


12 Mar 2018     1,360 Views




RELATED

Most Popular of International News

Most Popular of NEWS