BEC-TERO TV

လူမျက်နှာနဲ့ တူလွန်းတဲ့ခွေးကြောင့် အားလုံးက ထူးဆန်းအံ့သြခဲ့ရ

15 Mar 2018     1,710 Views


တစ်နှစ်သားအရွယ် ရှီဇူးအမျိုးအစား စပ်ကြားခွေးလေး တစ်ကောင်ရဲ့ မျက်နှာဟာ နှုတ်ခမ်းမွှေးနဲ့ ရင့်ကျက်တဲ့ပုံစံရှိတဲ့ လူကြီးတစ်ယောက်ရဲ့ မျက်နှာပုံနဲ့ ဆင်တူနေခဲ့တဲ့အတွက် မြင်ရသူတိုင်း ထူးဆန်းအံ့သြခဲ့ရပါတယ်။

“ယိုဂီ”လို့ အမည်ပေးထားတဲ့ ခွေးလေးဟာ မန်ဆာချူးဆက်ပြည်နယ်ကဖြစ်ပြီး သူ့ရဲ့သခင်ဖြစ်သူက အမွှေးတွေညှပ်ပြီး သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ပြင်ထားပေးတဲ့ သူ့ရဲ့ခွေးလေးနှစ်ကောင်ရဲ့ပုံကို ချစ်စဖွယ်ဖြစ်အောင် ဖေ့စ်ဘွခ်မှာ တင်ခဲ့ပါတယ်။
ဒါပေမယ့် အခြားသူတွေရဲ့အမြင်မှာတော့ သူမျှော်လင့်ထားသလို တုံ့ပြန်မှုမျိုးမဟုတ်တာကို မကြာခင်မှာပဲ သိလိုက်ရပါတယ်။

အဲဒီပုံရဲ့အောက်မှာ သူရဲ့သူငယ်ချင်းတစ်ယောက်က “ယိုဂီ”ရဲ့ မျက်နှာက လူတစ်ယောက်နဲ့ အရမ်းတူကြောင်း ကွန်မန့်ဝင်ပေးရာမှ ပျံ့နှံ့ခဲ့ပြီး ထိုပုံအား ကြည့်ရှုမျှဝေသူတွေ များပြားလာခဲ့တာဖြစ်ပါတယ်။

တစ်ကယ်တော့ ခွေးလေး “ယိုဂီ”ဟာ သူ့ရဲ့အမွှေးတွေကို မညှပ်ပေးခင်ရဆိုရင် တစ်ကယ်ချစ်စရာကောင်းတဲ့ ခွေးလေးပါ၊ ဒါပေမယ့် အမွှေးတွေကို တိုအောင်ညှပ်လိုက်တဲ့အခါမှာတော့ မျက်လုံးအညိုရောင် မျက်ခုံးထူထူ နှုတ်ခမ်းမွှေးနဲ့ လူကြီးတစ်ယောက်ပုံစံ ပေါက်သွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကို ဒုတိယမျက်နှာအဖြစ်တင်စားကြတာပါ၊ ဆံပင်ပုံစံပြောင်းလိုက်တာနဲ့ လူတင်မက ခွေးတောင်ရုပ်ပြောင်းသွားပါတယ်။

“ယိုဂီ” ရဲ့ ပုံကိုကြည့်ပြီး သင့်ရဲ့ အမြင်လေးကို မျှဝေခဲ့ပါဦး။
 


15 Mar 2018     1,710 Views




RELATED

Most Popular of Special or Others

Most Popular of NEWS