BEC-TERO TV

Starbucks ကော်ဖီက ဒေါ်လာ ၁၀ ဘီလီယံတန် စိန်ခေါ်မှုတစ်ခုပြုလုပ်

22 Mar 2018     1,247 Views


ဒီကိစ္စကိုဖြေရှင်းနိုင်ရင်တော့ ဒေါ်လာ ၁၀ သန်းက သင့်အတွက်ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာကျော် ကော်ဖီဆိုင်ကြီးဖြစ်တဲ့ Starbucks က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ လျော်ညီပြီး Recycle အလွယ်တစ်ကူပြန်လုပ်နိုင်မယ့် ကော်ဖီခွက်အမျိုးအစား ဖန်တီးဖို့ အကြံဉာဏ်တွေ လိုအပ်နေတဲ့အတွက် ဒီလိုအကြံဉာဏ်မျိုးပေးနိုင်သူကို ​ဒေါ်လာ ၁၀ သန်းပေးမယ်လို့ ကြာသပတေးနေ့က ကြေညာထားပါတယ်။

ကော်ဖီခွက်အများစုဟာ ကတ္ထူစက္ကူ အသားပေါ်မှာ ပလပ်စတစ်ပါးပါးလေး ဖုံးအုပ်ထားပြီးထုတ်လုပ်ထားကြပါတယ်။ ပလပ်စတစ်သားက ကော်ဖီရဲ့အပူချိန်ကို ထိန်းပေးနိုင်သလို ကတ္ထူစက္ကူတွေ ပျော့အိမကျအောင်လည်း ထိန်းပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုကော်ဖီခွက်တွေကို Recycle ပြန်လုပ်ဖို့ကျတော့ ခက်နေပြန်ပါတယ်။ ဒီလိုခွက်တွေဟာ နှစ်ပေါင်း ၂၀ လောက်ကြာမှ ပုတ်သိုးဆွေးမြေ့နိုင်တာပါ။

ကမ္ဘာတစ်ဝှမ်းလုံးကို ဒီလိုကော်ဖီခွက်တွေ ဖြန့်ဖြူးရောင်းချနေတဲ့ အရေအတွက်က တစ်နှစ်ကို ၆၀၀ ဘီလီယံရှိပြီး Starbucks တစ်ခုထဲဆိုရင် ၆ ဘီလီခန့်ရှိပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ ကြိုးစားလာခဲ့တာ နှစ်ပေါင်းကြာလာခဲ့ပြီဖြစ်ပေမယ့် ဒီနေ့ထိ အဖြေရှာမရနိုင်သေးပါဘူး။

၂၀၀၈ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပက်သက်တဲ့ လေကြီးမိုးကြီး ပြောဆိုတာတွေကို Starbucks က လျော့လာခဲ့ပါတယ်။ ၂၀၁၅ မှာ ကော်ဖီခွက်တွေအားလုံး အပြည့်အဝ ပြန်လည်အသုံးချ Recycle လုပ်နိုင်ရမယ်လို့ ၂၀၁၀ တုန်းက ကြွေးကြော်ခဲ့ပေမယ့် ဒီနေ့ထိအကောင်ထည်မဖော်နိုင်သေးပါဘူး။
ကုမ္ပဏီအနေနဲ့ လူမှုကွန်ယက်ပေါ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နှိုးဆော်တဲ့ အဖွဲ့တွေဖြစ်တဲ့ Stand.earth နောက်ကွယ်က #Bettercups စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးထိုးနှက်ပြောဆိုမှုတွေကြောင့် အခက်ပိုတွေ့နေရပါတယ်။

ဒါကြောင့်မို့ ၁၀၀% Recycle လုပ်နိုင်မယ့် ကော်ဖီခွက်မျိုး ထုတ်လုပ်ဖို့ အကြံဉာဏ်ရှိတဲ့သူ၊ ကုမ္ပဏီကို အမှန်တစ်ကယ် လုပ်ဆောင်နိုင်ပါက ဒေါ်လာ ၁၀ ဘီလီယံပေးမယ်လို့ စိန်ခေါ်ထားတာဖြစ်ပါတယ်။
သင့်မှာ အကြံဉာဏ်ကောင်းလေးများရှိရင်တော့ Starbucks နဲ့ ဆက်သွယ်ပြီး ဒေါ်လာ ၁၀ ဘီလီယံ အသာလေးယူလိုက်ရုံပဲနော်
 


22 Mar 2018     1,247 Views




RELATED

Most Popular of Special or Others

Most Popular of NEWS