BEC-TERO TV

အချိန်ပိုအလုပ်ဆင်းမှုကို တောင်ကိုရီးယားအစိုးရ လျှော့ချမှုစတင်မည်

23 Mar 2018     1,291 Views


ဝန်ထမ်းများ ညနက်ချိန်ထိ အချိန်ပို အလုပ်ဆင်းနေရသည့် အလေ့အထကို တောင်ကိုရီးယား အစိုးရမှ ရပ်ဆိုင်းသည့်အနေဖြင့် အလုပ်ဌါနများမှ ကွန်ပျူတာအားလုံး သောကြာနေ ည ၈ နာရီတွင် လုံးဝပိတ်စေခြင်ဖြင့် စတင်အကောင်ထည်ဖော်သွားမည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာပေါ်တွင် အလုပ်ချိန်အရှည်ကြာဆုံးနိုင်ငံအချို့တွင် တစ်နိုင်ငံအဖြစ်ပါဝင်သည်။ အစိုးရဌါနဆိုင်ရာ ဝန်ထမ်းများ၏ ပျှမ်းမျှအလုပ်ချိန်မှာ တစ်နှစ်လျှင် နာရီပေါင်း ၂,၇၃၉ နာရီရှိနေပြီး ယင်းအလုပ်ချိန်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဝန်ထမ်းများ၏ အလုပ်ချိန်ထက် နာရီပေါင်း ၁,၀၀၀ ကျော်ပိုများနေသည်။

ယခုကဲ့သို့ ကွန်ပျူတာအားလုံး ခါတိုင်းထက် လျှပ်စစ်ပါဝါ စောစောပိတ်ကာ အလုပ်သိမ်းအိမ်ပြန်သည့် အလေ့အထကို ပျိုးထောင်ရန် အဆင့် ၃ ဆင့် သတ်မှတ်ထားသည်။ ပထမအဆင့်ကို လာမည့် မတ်လ ၃၀ ရက်နေ့တွင် စတင်မှာဖြစ်ပြီး သောကြာနေ့ ည ၈ နာရီမှာ ရုံးဌါနကွန်ပျူတာများအားလုံး ပါဝါပိတ်ကာ အလုပ်သိမ်း အိမ်ပြန်ရမည်ဖြစ်သည်။
ဒုတိယအဆင့်ကို ဧပြီလရဲ့ ဒုတိယပတ်နဲ့ စတုတ္ထပတ် သောကြာနေ့တို့တွင်  ပြုလုပ်မည်ဖြစ်ပြီး ည ၇ နာရီခွဲတွင် ကွန်ပျူတာပိတ် အိမ်ပြန်ရမည်ဖြစ်သည်။
တတိယအဆင့်ကို မေလတွင် ကျင့်သုံးမည်ဖြစ်ပြီး အပတ်တိုင်း သောကြာနေ့ ည ၇ နာရီတွင် ကွန်ပျူတာပိတ် အလုပ်သိမ်း အိမ်ပြန်ရမည်ဖြစ်သည်။

ကြေညာချက်တွင်ဖော်ပြချက်အရ အလုပ်သမားတိုင်း ယခုအစီစဉ်ကို လိုက်နာရမည်ဖြစ်ပြီး မဖြစ်မနေအထူးအကြောင်း တစ်စုံတစ်ရာရှိမှသာ ကင်းလွတ်ခွင့်ပြုမည်ဟု ပါရှိသည်။
သို့သော်ငြားလည်း အစိုးရဝန်ထမ်းတိုင်း ဒီအစီစဉ်ကို ကျင့်သုံးလိုက်နာနိုင်မည်မဟုတ်ပဲ ၆၇.၁% သော အစိုးရဝန်ထမ်းတွေဟာ ကင်းလွတ်ခွင့်ပေးဖို့ တောင်ခံကြလိမ့်မယ်လို့ SMG ရဲ့ ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

ယခုလအစောပိုင်းကလည်း အလုပ်ချိန်ကို တစ်ပတ်လျှင် ၆၈ နာရီအစား ၅၂ နာရီ ပြောင်းလဲလျှော့ချမှု ဥပဒေပြင်ဆင်ရေးကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်။
 


23 Mar 2018     1,291 Views




RELATED

Most Popular of International News

Most Popular of NEWS