BEC-TERO TV

ဦးခေါင်းကို ပန်းသီးထိမှန်ခဲ့ပြီး ၃ လသမီးလေး ဆေးရုံပေါ်မှာ သတိမေ့မြော(ကိုမာ)ဖြစ်နေ

23 Mar 2018     1,272 Views


တစ်ခါတစ်ရံ ဖြစ်ပျက်တတ်တဲ့ မတော်တဆမှုတွေဟာ အလွန်ဆန်းကြယ်ပါတယ်။ မြန်မာစကားပုံ “ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက်” ဟုပင် ဆိုရလောက်အောင် ယခုအဖြစ်ပျက်က ဆန်းကျယ်ပါတယ်။

တရုပ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်က ဒေါင်ဂွမ်းမြို့လေးမှာ ၁၁ နှစ်သမီးအရွယ် ကလေးတစ်ဦး ပစ်လိုက်သော ပန်းသီးထိမှန်ကာ ၃ လအရွယ် သမီးငယ်လေးတစ်ဦး ဆေးရုံပေါ်မှာ ကာလကြာရှည်စွာ မေ့မျောနေသည့် ကိုမာ ရရှိခဲ့သည်။

ရဲအဖွဲ၏ စုံစမ်းစစ်ဆေးမှုအရ နေအိမ်တိုက်ခန်း ၂၄ လွှာတွင် နေထိုင်သော ၁၁ နှစ်အရွယ် မိန်းကလေးက လေသာဆောင် ဝရန်တာတွင်ရှိနေသော သူ၏ ခွေးလေးကို ပန်းသီးပစ်ပေးခဲ့ရာ အရှိန်လွန်ပြီး ပန်သီးမှာ တိုက်အောက်သို့ လွင့်ထွက်သွားခဲ့သည်။ ထိုအချိန်တွင် ဖွားအေးဖြစ်သူက ကလေးလက်တွန်းလှည်းထဲထည့်ကာ တိုက်အနီးက အပန်းဖြေနေရာတွင် လမ်းလျှောက်လာစဉ် ၂၄ လွှာမှအရှိန်နှင့်ကျလာသော ပန်းသီးက လှည်းထဲမှ ကလေးငယ်၏ ဦးခေါင်းတည့်တည့်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအဖြစ်ပျက်က မတ်လ ၄ ရက်နေ့ ညနေ ၄ နာရီခန့်က ဖြစ်ပျက်ခဲ့ပြီး ထိုအချိန်တွင် ၁၁ နှစ်သမီးလေးမှာ တစ်ယောက်ထဲရှိနေချိန်ဖြစ်တယ်လို့ ရဲမှတ်တမ်းများမှာ ဖော်ပြထားပါတယ်။
ကလေးငယ်ကို ဆေးရုံးသို့အလျှင်အမြန်ပို့ခဲ့ရပါတယ်။ ဦးခေါင်းခွံအက်ကွဲသွားပြီး ဦးနှောက်လည်း ထိခိုက်သွားခဲ့သည်။

လက်ရှိ ကလေးငယ်ရဲ့ အခြေအနေမှာ သတိလစ်မေ့မျောနေဆဲဖြစ်ပြီး ဆေးကုသမှုအတွက် ကုန်ကျစရိတ် ယွမ် ၁၅၀,၀၀၀ (ကျပ်ငွေ သိန်း ၃၀၀ ကျော်) ကုန်ကျမည်ဖြစ်ပြီး ကုသမှုအောင်မြင်သည့်တိုင် ကလေး၏ ဦးနှောက်ညာဖက်ခြမ်းတစ်ခုလုံး အလုပ်လုပ်နိုင်တော့မည် မဟုတ်ကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

ကလေးပြန်လည် သတိရလာမည့်အချိန်ကို ဆရာဝန်များလည်း မပြောနိုင်သေးပါ။ ဖခင်ဖြစ်သူအနေနဲ့ ပန်းသီးနဲ့ ပစ်ခဲ့သော ကလေးငယ်၏ မိဘများနှင့် လျော်ကြေးငွေကိစ္စများလည်း ညှိနှိုင်းမှု မလုပ်ရသေးဘူးလို့ သိရှိရပါတယ်။
 


23 Mar 2018     1,272 Views




RELATED

Most Popular of Special or Others

Most Popular of NEWS