BEC-TERO TV

YouTube ဌါနချုပ်ကို သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွား

04 Apr 2018     1,295 Views


အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် စန်ဘရူနိုရှိ Google ၏ နာမည်ကျော် အွန်လိုင်းရုပ်သံဝဘ်ဆိုက် YouTube ဌါနချုပ်ဝင်းအနီးတွင် အင်္ဂါနေ့ (မနေ့)နေ့လည်ပိုင်းက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရှိခဲ့ကြသည်။

မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် YouTube ရုံးချုပ်ဝင်းအတွင်းမှ ၉၁၁ အားအရေးပေါ်ခေါ်ဆိုမှုကြောင့် ရဲများနှင့် သက်ဆိုင်ရာရှင်းလင်းရေးအဖွဲ့များ ရောက်ရှိလာခဲ့ပြီး ပတ်ဝန်းကျင်ရှိလူများအား ဘေးလွတ်ရာသို့ ရှင်းလင်းပေးခဲ့သည်။
အနည်းဆုံး လူ ၄ ဦး သေနတ်ဒဏ်ရာများနဲ့ တွေ့ရှိခဲ့ပြီး တိုက်ခိုက်ခံခဲ့ရသူများကို ဆေးရုံသို့ အရေးပေါ်တင်ပို့ပေးခဲ့သည်။

သေနတ်ဖြင့် တိုက်ခိုက်ပစ်ခတ်သူဟု ထင်မြင်ယူဆရသည့်အမျိုးသမီးမှာ မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်ခဲ့ပြီး သေနတ်ဒဏ်ရာဖြင့် သေဆုံးလျှက်ရှိသည်ကို တွေ့ရှိရသည်။ ဖြစ်စဉ်အကြောင်းရင်းကိုမူ စုံစမ်းလျှက်ရှိသည်။

အဆိုပါနေ့ အစောပိုင်းထဲက သေနတ်သံကြားရပြီးနောက် ဝန်ထမ်းအချို့က သေနတ်သမား ရုံးဝင်းထဲရောက်နေပြီဖြစ်ကြောင်း လူမှုကွန်ယက်ပေါ် တင်ခဲ့ကြသည်။ Google ရဲ့ ထုတ်လုပ်ရေးမန်နေဂျာဖြစ်သူ Vadim Lavrusik က သူသေနတ်သံကြားပြီး လူတွေပြေးလွှားနေတာကို မြင်ရတဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ကြောင်း ပြောဆိုခဲ့သည်။


Google ကလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနဲ့ ပူးပေါင်းကာ ကယ်ဆယ်ရေးကိစ္စများကို ဆောင်ရွက်ခဲ့ကြောင်း၊ ဝန်ထမ်းများ ဘေးကင်းစေဖို့ သတိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

 


04 Apr 2018     1,295 Views




RELATED

Most Popular of International News

Most Popular of NEWS