BEC-TERO TV

ထိုင်းနိုင်ငံက လူသတ်မုဒိန်းမှုများနဲ့ လိပ်ကျွန်း (သို့) သေမင်းကျွန်း

11 Apr 2018     1,497 Views


ယခင်က သာယာလှပပြီး နိုင်ငံခြားခရီးသွားဧည့်သည်တွေနဲ့ စည်ကားနေတဲ့ ထိုင်းနိုင်ငံက ခိုတောင်(လိပ်ကျွန်း)ဟာ ၂၀၁၄ ခုနှစ်က အင်္ဂလန်နိုင်ငံသား ခရီးသွားစုံတွဲတစ်တွဲကို မုဒိန်းကျင့်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့မှုအတွက် သေမင်းကျွန်းလို့ နိုင်ငံခြားမီဒီယာတွေက တင်စားခဲ့ပါတယ်။

အဲဒီအမှုအတွက် မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်သားတွေ ဖြစ်ကြတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး သေဒဏ်ချမှတ်ခံထားရတဲ့ အမှုက ယခုတိုင် မပြီးပြတ်သေးပါဘူး။ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့တဲ့ ခိုတောင်ကျွန်းဟာ အခုနောက်ထပ်တစ်ဖန် အင်္ဂလန်နိုင်ငံသူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓ္ဓမပြုကျင့်မှုနဲ့ သတင်းဆိုးတစ်ခုနဲ့ လှုပ်နှိုးခဲ့ပြန်ပါပြီ။

အမည်ဖော်ပြထားခြင်းမရှိတဲ့ အသက် ၁၈ နှစ်အရွယ် အင်္ဂလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသွား အမျိုးသမီးတစ်ဦးကို အသက် ၂၆ နှစ်အရွယ် ပြင်သစ်အမျိုးသားတစ်ဦးက သူ့ရဲ့ ဟိုတယ်အခန်းထဲမှာ အဓ္ဓမပြုကျင့်တယ်လို့ စွပ်စွဲထားပါတယ်။
အဓ္ဓမပြုကျင့်ခံရသူက ရဲကိုအရင်မတိုင်ကြားပဲ အင်္ဂလန်က မိခင်ဆီကို အကြောင်းစုံပြောပြခဲ့ရာမှ မိခင်က ထိုင်းနိုင်ငံရှိ အင်္ဂလန်သံရုံးကို အရေးယူပေးဖို့ အကြောင်းကြားခဲ့ပါတယ် အဲဒီကနေတစ်ဆင့် ဖူခက်ပြည်နယ် ရဲအဖွဲ့ကို ထပ်ဆင့် တိုင်ကြားခဲ့တာဖြစ်ပါတယ်။

သံသယဖြစ်ခံထားရသူ Yohan Buaka ကို ဧပြီလ ၇ ရက်နေ့က ဖူခက်ပြည်နယ်တွင်းမှာပဲ ရဲအဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အမှုကို စစ်ဆေးခဲ့ရာ ကျူးလွန်ခဲ့သူမှာ ပြင်သစ်ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်ခဲ့ဖူးပြီး အဆိုပါအမျိုးသမီးကို ဧပြီလ ၄ ရက်နေ့က အရက်ဘားတစ်ခုမှ ဆုံခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။
အဲဒီနောက် နှစ်ဦးသဘောတူ ၃ ကြိမ်တိုင်တိုင် လိင်ပျော်ပါးခဲ့ပြီးနောက် သူမ၏ ဟိုတယ်အခန်းသို့ တက္ကစီငှားကာ ပြန်သွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။


အမျိုးသမီး၏ ထွက်ဆိုချက်အရ ယင်းအမျိုးသားနဲ့ ဘားမှာ ဆုံဆည်းခဲ့ပြီးနောက် အရက်သောက်နေစဉ် ပုံမှန်မဟုတ်ပဲ အမူးလွန်သွားပြီး ဘာမှမသိတော့ကြောင်း၊ သူမအနေနဲ့ ဆေးခတ်ခံလိုက်ရတယ်လို့ ယူဆခဲ့ပါတယ်။
နောက်တစ်နေ့နံနက် သူမအိပ်ယာနိုးလာချိန်မှာတော့ အဆိုပါအမျိုးသားရဲ့ ဟိုတယ်အခန်းက အိပ်ယာထဲမှာ ရောက်နေတာကို အံ့သြထိတ်လန့်စွာ တွေ့လိုက်ရပါတယ်။ သူမတုန်လှုပ်ခြောက်ခြားသွားပြီးနောက် အခန်းထဲမှ ကပျာကယာပြေးထွက်ကာ တက္ကစီငှားပြီး သူမရဲ့ ဟိုတယ်ကို ပြန်ခဲ့ရကြောင်းထွက်ဆိုခဲ့ပါတယ်။

ဟိုတယ်ပြန်ရောက်တဲ့အခါ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ပြီး နောက်ဆုံးမှာ အင်္ဂလန်က မိခင်ထံဖုန်းခေါ်က အကြောင်းစုံကို ပြောပြခဲ့ပါတယ်။ မိခင်လုပ်သူက အင်္ဂလန်သံရုံးကို အကြောင်းကြားပြီး ဆောင်ရွက်ပေးရန် တိုင်ကြားခဲ့သည်။

နောက်နှစ်ရက်လောက် အကြာမှာတော့ အမျိုးသမီးက ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပါတယ်။ အမှုကို ဆက်လက်စုံစမ်းစစ်ဆေးလျှက်ပြီး ဆေးစစ်ချက်အဖြေများကို စောင့်ဆိုင်းလျှက်ရှိသည်။
 


11 Apr 2018     1,497 Views




RELATED

Most Popular of International News

Most Popular of NEWS