BEC-TERO TV

ဟိုတယ်ရေကူးကန်အတွင်း ရေးကူးနေစဉ် ဓါတ်လိုက်ပြီး လူတစ်ဦးသေဆုံး

18 Apr 2018     1,262 Views


ဧပြီလ ၁ရ ရက်နေ့ မြိတ်မြို့ ကန်ဖျားရပ်ကွက်မှာ ဖွင့်လှစ်ထားသော အိမ်တော်ဖြူဟိုတယ် ရေကူးကန်၌ ရေကူးနေကြစဉ် လူတစ်ဦးဓာတ်လိုက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့သည် ။
 
 
ဖြစ်စဉ်မှာ ဧပြီလ ၁၇ ရက်နေ့က ဟိုတယ်တွင် လူငယ် ၅ ဦး ရေဆင်းကူးနေသည့်နေရာအနီးရှိ ဝါယာကြိုးခွေမှ တစ်ဆင့်ဓာတ်လိုက်မှုဖြစ်ပြီး လူသေဆုံးဖြစ်ပွားခဲ့သည် ဟုသိရသည် ။ သေဆုံးသူမှာ ကိုယ်တစ်ခြမ်းညိုမဲဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး ကျန် ၄ ဦးကတော့ သေဘေးမှကင်းလွတ်ခဲ့သည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး  မြိတ်မြို့မရဲစခန်းမှ ( ပ )၅၁၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/ ၃၀၄ ( က )ဖြင့်အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရပါတယ်။

18 Apr 2018     1,262 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS