BEC-TERO TV

အချင်းများကြရာမှ ဇနီးသည်ရဲ့ နှလုံးသားကို ဓားနဲ့ ထိုးသွင်း

20 Apr 2018     1,512 Views


ဧပြီလ ၁၈ ရက်နေ့ နေလယ် ၂ နာရီခန့် ကလေးမြို့နယ် ပေါက်ခုံရွာမှာ လင်မယားချင်း စကားများရန်ဖြစ်ရာကနေ ဇနီးဖြစ်သူကို ဓားနှင့်ထိုးသတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည် ။
 
“ ဖြစ်စဉ်ကတော့ ဘယ်လိုဖြစ်တယ် မသိဘူး။ ကျနော့်ကို လာအသိပေးလို့ သွားကြည့်တော့ ကျနော့်သမီးဖြစ်သူက သေနေပြီ” လို့ သေဆုံးသူအမျိုးသမီးရဲ့ ဖခင်က ပြောပါတယ်ဟု ဒီဗွီဘီ သတင်းတွင်ရေးသားဖော်ပြထားပါသည် ။
 
 
သေဆုံးသူမှာ နှလုံးကိုထိုးဖောက်တဲ့အထိ ထိုးသွင်းဒဏ်ရာပြင်းထန်ခဲ့ပြီး ထိုးသွင်းဒဏ်ဖြင့်သေဆုံးခဲ့သည်ဟု သိရသည် ။ ခင်ပွန်းဖြစ်သူကို ရဲများက ဖမ်းဆီးခဲ့ပြီး စစ်ဆေးလျက်ရှိနေသည်ဟု သိရသည် ။

20 Apr 2018     1,512 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS