BEC-TERO TV

တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်တဲ့ YBS ပေါ်ကခါးပိုက်နှိုက်တွေ

20 Apr 2018     1,318 Views


ဧပြီလ ၁၉ ရက်နေ့က တောင်ဒဂုံ YBS ယာဉ်လိုင်းအမှတ် (၇) ပေါ်တွင် အမျိုးသမီးတစ်ဦးရဲ့ လက်ကိုင်အိတ်ကို ပြောင်ပြောင်တင်းတင်းပင် ခါးပိုက်အနှိုက်ခံခဲ့ရသည့် ဗီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ( အော်ကဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
 
 
ဖြစ်စဉ်မှာ YBS ဘတ်စ်ကားပေါ်တွင် အမျိုးသမီးက အိတ်အနှိုက်ခံရသည်ကို သိသိခြင်း အိပ်ကိုပြန်ဆွဲယူခဲ့ပါတယ်။ ဘာပစ္စည်းမှ ပါမသွားခဲ့ပေမယ့် အမျိုးသမီးက သူ့ဘေးတွင်ရှိသော လူငယ်တစ်ဦးကို ခါးပိုက်နှိုက်ခံနေရကြောင်း အကူအညီတောင်းခဲ့ပါတယ်။ ဒါကို ခါးပိုက်နှိုက်က သိသွားပြီး အဲဒီလူငယ်ရဲ့ အနားနားကိုကပ်ပြီး “အူပွင့်သွားချင်သလား” လို့ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
 
 
"သူတို့နှိုက်တာကိုမြင်ပြီး လိုက်ကြည့်နေတဲ့နောက်လူငယ်လေးကို အနားကပ်လာပြီး ပြောင်ပြောင်တင်းတင်းပဲ လည်ချောင်းကို ထိုးဖေါက်ပြစ်လိုက်မယ်။ မင်းနဲ့မဆိုင်ဘူးမစပ်စုနဲ့တဲ့။ ကဲ. . .ရဲတပ်ဖွဲ့ကိုပြောင်စော်ကားလိုက်တဲ့ ဒုစရိုက်သမားများကိုသက်ဆိုင်ရာရဲတပ်ဖွဲ့က ဘယ်လိုအရေးယူမလဲ? တိုင်သူရှိမှအရေးယူမှာလား?" ဟု Ko Naing Facebook တွင်ရေးသားဖော်ပြထားပါသည် ။
 
 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ကို တိုင်းကြားမှုရှိမရှိ မသိရသေးပါ ။ သက်ဆိုင်ရာရဲတပ်ဖွဲ့များက စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားနိုင်ရန် တင်ပြပေးလိုက်ပါတယ်။
 

 


20 Apr 2018     1,318 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS