BEC-TERO TV

အဆိုတော်ချစ်သုဝေရဲ့ဖေ့စ်ဘွတ်အကောင့် ဖျက်သိမ်းခြင်းခံရ

23 Apr 2018     1,372 Views


မကြာသေးခင်ရက်ပိုင်းကပင် အဆိုတော်ချစ်သုဝေရဲ့နာမည်နဲ့ပေ့ခ်ျတစ်ခုကနေ ကံစမ်းမဲဖောက်ပေးခြင်းနဲ့ပတ်သက်ပြီး ခင်ပွန်းဖြစ်သူအဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့မှ ပေ့ခ်ျအတုကိုရီပို့ဒ်ဝိုင်းထုပေးကြရန် ချစ်ပရိတ်သတ်တွေကိုတောင်းဆိုခဲ့ကြသေးသည်။ ဧပြီလ ၂၂ရက်နေ့မှာတော့ ချစ်သုဝေရဲ့ဖေ့စ်ဘွတ်အကောင့်အား ဖေ့စ်ဘွတ် Team မှဖျက်သိမ်းခံလိုက်ရကြောင်းသိရှိရသည်။

 Followers ၁၂သိန်းကျော်ရှိတဲ့ ချစ်သုဝေရဲ့အကောင့်ကို ပြစ်မှုလုပ်လို့ ပိတ်သိမ်းခံလိုက်ရတယ်လို့သိရပါတယ်။ ယခုလို ချစ်သုဝေရဲ့အကောင့်ပိတ်သိမ်းခံရခြင်းကြောင့် ခင်ပွန်းဖြစ်သူလင်းလင်းတစ်ယောက် သူရဲ့ဖေ့စ်ဘွတ်ပေါ်မှာပေါက်ကွဲလို့နေပါတယ်။

 

 “ ကဲ FB နဲ့ ဇူကာဘတ်ရေ….. မင်းတို့ကို ဖင်ချနေတဲ့ထဲမှာ ငါတို့လင်မယားမပါဘူးဟ,, FB centre မှာမြန်မာတွေရှိတယ်ဆိုလဲ ဒီပို့စ်လေးပြလိုက်ပါဦး,, Followers ၁၂ သိန်းကျော်ရှိတဲ့ ကျုပ်မိန်းမအကောင့်ကိုပြစ်မှုလုပ်လို့ ပိတ်လိုက်တယ်တဲ့,,, အဲဒီတော့ တိုတိုတုတ်တုတ်ပြောရရင် ဘောဘဲ ,, လီးဘဲ Fuck ဘဲလို့,,, အဆက်အသွယ်ရှိတဲ့လူတွေရှိရင်လဲပြလိုက်ပါဦး ဒီအကောင့်ပါ ပိတ်လိုက်ရပါတယ်” ဆိုပြီး ပေါက်ကွဲမှုတွေနဲ့အတူ ရေးသာထားပါတယ်။

 

ယခုလိုမျိုး အဆိုတော်ချစ်သုဝေရဲ့အကောင့်ပိတ်သိမ်းခံရခြင်းနဲ့ပတ်သက်ပြီး ကိုမောင်မောင်အေးမှလည်း ဖေ့စ်ဘွတ်တည်ထောင်သူ Mark Zuckerberg အားဒေါသထွက်ပေါက်ကွဲကာ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ယခုလိုမျိုးရေးသားထားပါတယ်။

“ဇဂါဘောက်ရေ... တကယ်တော့ နင့်ဖေ့ဘွတ်သုံးနေရတဲ့ ငါတို့တွေဟာ ..... နင့် လက်ခုပ်ထဲက သေးခွက်လေးတွေပါဟယ်..... နင့် စိတ်တိုင်းကျ သောက်ချင်ရင်သောက် .. နင့်မျက်ခွက်ပေါ် မှောက်ချင်ရင်မှောက်ပေါ့..... ကိုဆွေယု Swe Yu ပြောသလို ငါတို့က နင့်ဟာအလကားသုံးနေရပေမယ့် ငါတို့သုံးနေကြလို့ နင်လည်း မဟားဒယားချမ်းသာနေရတာဆိုတော့ ဘဲစားဘဲချေဖဲလေ... အထူးသဖြင့် နင့်ရဲ့သောက်တလွဲစည်းကမ်းပေါတွေကြောင့် နင့်ဖေ့ဘွတ်ဟာ ငွေတမျက်နှာဖြစ်နေပြီဆိုတာ ကြာလေ ရုပ်ပေါက်လာလေဖဲ.... ဘယ်တတ်နိုင်ပါ့မလဲလေ... ငါတို့ကလည်း နင့်ဟာသုံးနေရသ၍ နင့်လက်ခုပ်ထဲက သေးခွက်လေးတွေပါပဲလေ.... နင်စိတ်ကြိုက်သာ သောက်ချင်သောက်... နင့်အခွက်ပေါ် အားရပါးရမှောက်ချင်မှောက်နေပါတော့...” ဆိုပြီးရေးသားထားပါတယ်။

 

ချစ်သုဝေက သူမရဲ့ဖေ့စ်ဘွတ်အကောင့်မှာ သမီးအမြွှာလေးနှစ်ယောက်ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို အမြဲလိုလိုတင်နေကြပါ။ သမီးလေးနှစ်ယောက်ကို ချစ်ကြတဲ့လူတွေနဲ့ပြည့်နေတဲ့ ချစ်သုဝေရဲ့အကောင့်လေးကို ပြန်ရအောင်လုပ်နိုင်မယ့်နည်းလမ်းလေးတွေကိုလည်း ပရိတ်သတ်ကြီးက အကြံဥာဏ်ပေးထားတာကိုလဲတွေ့ရပါတယ်။ 

ယခုလက်ရှိမှာတော့ လင်းလင်းနဲ့ချစ်သုဝေတို့နှစ်ယောက်ဟာ မကာအိုကို ဖျော်ဖြေရေးအစီအစဉ်နဲ့ရောက်ရှိနေပါတယ်။ အဆိုတော်လင်းလင်းနဲ့ချစ်သုဝေတို့နှစ်ယောက်ဟာ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်ဆိုတဲ့ သမီးအမြွှာလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်တဲ့မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားကြသူများလဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သမီးလေးနှစ်ယောက်ကလည်း ပရိတ်သတ်တွေရဲ့အချစ်တွေကိုပိုင်ဆိုင်ထားတဲ့ အချစ်တော်လေးတွေဖြစ်ပါတယ်……..

 

 

 


23 Apr 2018     1,372 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment