BEC-TERO TV

ဧပြီ ၂၅ ရက်တွင် ကြယ်များအစုပြုံလိုက် ကြွေကျမှုကို မြင်တွေ့ရမည်

24 Apr 2018     1,294 Views


ဥက္ကာပျံများဟာ နှစ်စဉ် ဧပြီလအတွင်း ပုံမှန်ဖြတ်သန်းလေ့ရှိပြီး ယင်းဥက္ကာပျံများအကြောင်းကို လူတို့လေ့လာနေခဲ့တာလည်း နှစ်ပေါင်း ၂,၆၀၀ ကျော်ကြာခဲ့ပြီးဖြစ်ပါတယ်။
ယခု ၂၀၁၈ ခုနှစ် ဧပြီလမှာတော့ ဥက္ကာပျံများ အစုပြုံလိုက် ဖြတ်သန်းမှုကို ဧပြီ ၁၆ ရက်နှင့် ၂၅ ရက်နောက်ဆုံးထားပြီး မြင်တွေ့ကြရမည်ဖြစ်သည်။

Lyrids လို့ အမည်ပေးထားတဲ့ ဥက္ကာပျံအစုအဝေးများဟာ ကြယ်တံခွန်ကြီးများ ဖြတ်သန်းမှုကြောင့် လောင်ကျွမ်းကျန်ရစ်ခဲ့သည့် အစအနများပင်ဖြစ်သည်။ အဆိုပါ ဥက္ကာခဲများမှာ လောင်ကျွမ်းလျှက် ကမ္ဘာကြီးရဲ့ လေထုထဲသို့ တိုးဝင်လာခဲ့တာဖြစ်ပါတယ် ဒါကို ကြယ်ကြွေမှုအဖြစ် တွေ့မြင်ကြရပါတယ်။

ကြယ်တံခွန်ဟာ နေကို တစ်ပတ်ပြည့်အောင် လှည့်ပတ်ဖို့အချိန် ၄၁၅ နှစ်ကြာမြင့်ပါတယ်။ ၁၈၆၁ ခုနှစ်က တစ်ကြိမ်ကြုံတွေ့ခဲ့ပြီး နောက်ထပ်တစ်ကြိမ်ကိုတော့ သက္ကရာဇ် ၂၂၇၆ ခုနှစ်ကျမှ ထပ်မံမြင်တွေ့ကြရမှာဖြစ်ပါတယ်။
Lyrids လို့ ခေါ်ရတဲ့အကြောင်းကတော့ သူတို့ဟာ ဗီဂါကြယ်ကြီးအနီးက Lyra အစုအဝေးထဲမှာ ရှိနေလို့ဖြစ်ပါတယ်။

Lyrids ဥက္ကာပျံတွေကို မြင်တွေ့နိုင်မှုစတင်နေပြီဖြစ်ပြီး ဧပြီ ၂၅ ရက်နေ့မှာ နောက်ဆုံးတွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်နာရီမှာ ကြယ်ကြွေကျမှု ၁၀ ကြိမ်ကနေ အကြိမ် ၂၀ ထိ ရှိနုင်ပြီး အာရုံမတက်ခင်အချိန်မှာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ကောင်းကောင်းမွန်မွန်မြင်တွေ့ရဖို့ဆိုရင် ကောင်းကင်ရဲ့ အလင်းရောင်မရှိတဲ့အပိုင်းကို အာရုံစူးစိုက်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

အကောင်းဆုံးကြယ်ကြွေမှတ်တမ်းများအရ တစ်နာရီမှာ ကြယ်ကြွေမှု အကြိမ် ၁၀၀ ကို ၁၉၈၂ ခုနှစ်က အမေရိကန်၊ ၁၉၄၅ တုန်းက ဂျပန်နဲ့ ၁၉၂၂ က ဂရိနိုင်ငံတို့မှာ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။


24 Apr 2018     1,294 Views




RELATED

Most Popular of Special or Others

Most Popular of NEWS