BEC-TERO TV

ဆိပ်ကမ်းတွင် ရေဆင်းကူးရာမှ ၉ တန်းကျောင်းသား ၂ ဦးသေဆုံး

24 Apr 2018     1,235 Views


ဧပြီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်က ဆိပ်ကမ်းတွင် ၉ တန်းကျောင်းသား သုံးဦးရေဆင်းကူးရာမှ နှစ်ဦးရေနစ်ပြီး သေဆုံးခဲ့သည်ဟု သိရသည်။
 
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့တွင် ကျောင်းသား ၃ ဦးရေဆင်းကူးရာ ဟိန်းစိုးနဲ့ အောင်မြင့်မြတ်တို့ ရေနစ်သေဆုံးခဲ့ပြီး မောင်ကောင်းကင်ကျော်ကတော့ အသက်အန္တရာယ်ဘေးမှကင်းလွတ်ခဲ့သည် ။
 
 
ရဲများ၏ပြောပြချက်အရ " သုံးယောက်စလုံး ရေဆင်းကူးတာ။ ကျန်တဲ့ နှစ်ယောက်က ကူးနေရင်း ပေါ်မလာတော့လို့ ကောင်းကင်ကျော်က အပေါ်ပြန်တက်ပြီး အော်ပြီး အကူအညီတောင်းတော့မှ ရေနစ်တာသိရတာ။ အောင်မြင့်မြတ်ရဲ့ အလောင်းတော့ ပြန်တွေ့ပါပြီ။ ဟိန်းစိုးကိုတော့ ရှာဖွေနေတုန်းပါပဲ”လို့ ဒီဗွီဘီသတင်းတွင် ရေးသားဖော်ပြထားပါသည် ။
 
ဆပ်ကမ်းတွင် မကြာခဏ ရေဆင်းချိုးတဲ့ခလေး ရေနစ်ပြီး သေဆုံးခဲ့ဖူးသည်ဟု သိရသည် ။ အဆိုပါရေနစ်သေဆုံးမှုနှင့်ပတ်သက်ပြီး မအူပင်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၇ / ၂၀၁၈ နဲ့ အရေးယူဆောင်ရွက်ထားသည် ။

24 Apr 2018     1,235 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS