BEC-TERO TV

မီးခိုးငွေ့ဒဏ်ကြောင့် ပန်းနာရင်ကြပ် နှလုံးရောဂါအခံရှိသူ ၄ ဦးသေဆုံး

26 Apr 2018     1,246 Views


ဧပြီလ ၂၅ ရက်နေ့ လှိုင်သာယာမြို့နယ်တွင် ထိန်ပင်အမှိုက်ပုံက ထွက်ရှိလာတဲ့ မီးခိုးငွေ့ဒဏ်ကြောင့် သေဆုံးသူတွေရှိနေကြောင်း လူမှုကွန်ယက်ပေါ်တွင် ပြောဆိုရေးသားမှုများ ရှိနေကြောင်း သိရှိရသည်။
 
 
ဖြစ်စဉ်မှာ မီးလောင်ကျွမ်းနေတာ ဧပြီလ ၂၁ ရက်နေ့ နေ့လည်ခင်းလောက်ကတည်းကလို့ သိရပါတယ်။ အတည်မပြုနိုင်သေးတဲ့ သတင်းများရ ဒီနေ့အထိ (၅)ရက်အတွင်း လှိုင်သာယာမြို့နယ် (၂၀)ရပ်ကွက် ရွှေလင်းပန်းမှာ သေဆုံးသူ (၄)ဦးရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ် ။ အသက်(၆၀)၀န်းကျင် အမျိုးသမီး (၃)ဦးနဲ့ အမျိုးသား (၁)ဦးတို့ဖြစ်ပြီး သေဆုံးသူတွေဟာ ပန်းနာရင်ကြပ်၊ သွေးတိုးနဲ့ နှလုံးရောဂါအခံရှိသူတွေ ဖြစ်တယ်လို့လည်း သိရသည် ။
 
 
"မီးလောင်ရာနဲ့ နီးစပ်ရာနေရာတွေမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက မီးခိုးငွေ့မွှန်သူတွေကို ဆေးကုသမှုပေးနေပေမယ့် အခုသေဆုံးသူတွေ ကတော့ လာရောက်ပြသခြင်းမရှိဘဲ နေအိမ်တွေမှာပဲနေရင်း ကုသနေသူတွေဖြစ်တယ် " ဟု 5 Plus News သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
 
 
လက်ရှိအချိန်မှာတော့ သက်ဆိုင်ရာကျန်းမာရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက မီးခိုးငွေ့ဒဏ်ခံနေရသူတွေကို ကွင်းဆင်းပြီး ရှာဖွေကုသပေးနေတယ်လို့ သိရပါတယ်။ မီးခိုးငွေ့တွေ ထပ်များလာမယ်ဆိုရင် ရွာသူရွာသားများက နီးစပ်ရာရပ်ကွက်သို့ ရွေ့ပြောင်းပြီး မီးခိုးရှောင်ကွင်းတွေလုပ်ဖို့ အစီအစဉ်ရှိသည်ဟု သိရသည် ။
 

 


26 Apr 2018     1,246 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS