BEC-TERO TV

Walk With Music (Episode 202)

23 Jul 2015     1,732 Views


EXO ● Growl

SM Entertainment က Boygroup အသစ်ကို may 2011 မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ သူတို့က ကိုးရီးယားလိုရော တရုတ်လိုရော သီချင်းတွေဆိုမယ်ဆိုပြီး ယောင်္ကျားလေး ၁၂ယောက် ပါတဲ့ EXO အဖွဲ့ကို ဖွဲ့ခဲ့ပါတယ်။ EXO K က ကိုးရီးယား EXO M က တရုတ်လိုဆိုပြီး တစ်ဖွဲ့တည်းမှာပဲ ခွဲထားပါသေးတယ်။ သူတို့ဟာ ၁၅ကြိမ်မြောက် Mnet Asia Music Award မှာလည်း Album of the year ဆုကိုရရှိထားပါတယ်။ သူတို့ကိုနာမည်ကြီးစေတဲ့သီချင်းကတော့ Wolf ပဲဖြစ်ပါတယ်။ အခုဖွင့်ပြမဲ့သီချင်းကတော့ သူတို့ရဲ့ XOXO album ထဲက ကမ္ဘာကျော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Growl ပါ။ ထူးခြားချက် ကတော့ ကင်မရာတစ်လုံးတည်းနဲ့ MTV တစ်ခုလုံးကို ရိုက်ကူးထားတာဖြစ်ပါတယ်။ 

EXO ● History

EXO ဆိုတဲ့နာမည်ကို EXO planet ကနေရရှိလာတာပါ။ အဲ့ဒါကို ဒီဇင်ဘာ ၂၀၁၁ မှာ အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ History ဆိုတဲ့သီချင်းလေးပါ။ China New Single Chart မှာ နံပါတ် ၆အထိရရှိခဲ့တဲ့ သီချင်းလေးပါ။ Hot Single 100 မှာလည်း နံပါတ်  ၆၄ ကနေ ၁၄ ထိအောင်မြင်ခဲ့တဲ့သီချင်းလေးပါ။

EXO ● Overdose

အခုဖွင့်ပြမှာကတော့ Overdose ပါ။ Billboard ၂၀၀ မှာလည်း ထိပ်တန်းဝင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ကိုးရီးယားလိုနဲ့ Mandarin version ၂ခုရှိပါတယ်။ Mandarin version ဟာ နိုင်ငံပေါင်း ၁၃နိုင်ငံမှာ Top 100၊ Billboard World Digital song ထဲမှာ နံပါတ် ၂နေရာ၊ Billboard 200 မှာ နံပါတ် ၁၂၉ ထိရရှိခဲ့ပါတယ်။ 

EXO ● Music Video Drama Epi-1

အခုဖွင့်ပြမှာကတော့ Overdose ပါ။ Billboard ၂၀၀ မှာလည်း ထိပ်တန်းဝင်ခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ကိုးရီးယားလိုနဲ့ Mandarin version ၂ခုရှိပါတယ်။ Mandarin version ဟာ နိုင်ငံပေါင်း ၁၃နိုင်ငံမှာ Top 100၊ Billboard World Digital song ထဲမှာ နံပါတ် ၂နေရာ၊ Billboard 200 မှာ နံပါတ် ၁၂၉ ထိရရှိခဲ့ပါတယ်။ 

▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪

 

23 Jul 2015     1,732 Views




RELATED

Most Popular of Walk With Music

Most Popular of Entertainment