BEC-TERO TV

သံလျှင်တွင် မြစ်ကမ်းပြိုကျရာမှ မြေပိကာ ကမ်းထိန်းလုပ်သားတစ်ဦးသေဆုံး

16 May 2018     1,237 Views


မေလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် သန်လျင်မြို့ နယ် ပဲခူးမြစ်ကမ်းဘေးမှ အလုပ်သမားများ ကမ်းထိန်းလုပ်ဆောင်နေစဉ် မေပြိုကျမှုဖြစ်ကာ အလုပ်သမား သုံးဦးမှ တစ်ဦးမြေပိသေဆုံးသွားခဲ့သည်ဟုသိရသည် ။
 
ဖြစ်စဉ်မှာ ငပကျေးရွာ တန်တရာသစ်စက်အနီး ပဲခူးမြစ်ကမ်းဘေးမှာ အလုပ်သမားများ ကမ်းထန်းလုပ်ဆောင်နေချိန်တွင် မြေပြိုကျမှုဖြစ်ပွားခဲ့သည် ။ မြေပြိုကျမှုဖြစ်ပွားရာတွင် သဲတင်ပို့လုပ်နေတဲ့ အလုပ်သမားသုံးဦးအပေါ် မြေပိမိခဲ့ပြီး တစ်ဦးမြေပိသေဆုံးခဲ့သည် ။
 
 
” ပဲခူးမြစ်ကမ်းဘေးမှာ ရေကာတာရိုက်နေတာ။ ကမ်းထိန်းလုပ်နေတာ။ပြိုတဲ့မြေကတော့ အပျော့တွေ၊ အလုပ်သမားတစ်ဦးသေတယ်။နှစ်ဦးကတော့ နည်းနည်းထိခိုက်သွားပါတယ်။အဲ့နေရာက ကမ်းတွေပြိုကျပြီးလို့ ကမ်းထိန်းတွေရိုက်နေတာ။” ဟုကုမုဒြာသတင်းဌနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲစခန်းမှာ သေမှုသေခင်းအမှတ်စဉ် (ပ) ၂၅/၂၀၁၈ နဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်မဟုတ်စစ်ဆေးနေပါတယ်။

16 May 2018     1,237 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS