BEC-TERO TV

အပြာကားကြည့်ပြီး စိတ်မထိန်းနိုင်လို့ ကိုယ်ဟာကိုယ်ဖြတ်မိသူ

21 May 2018     4,658 Views


ထိုင်းနိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ လိင်အင်္ဂါကို ကိုယ်တိုင်ပြန်လှီးဖြတ်မိတာကြောင့် အရေးပေါ်အခြေအနေနဲ့ ဆေးရုံရောက်ခဲ့ပါတယ်။

ခပ်ကြမ်းကြမ်း အပြာကားတွေကို ခနွန်ချွတ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာပဲ ဖုန်းနဲ့ကြည့်နေရင်း စိတ်မထိန်းနိုင်ပဲ ကိုယ့်ရဲ့ လိင်အင်္ဂါကို ဓားနဲ့ဖြည့်ဖြည်းခြင်း လှီးခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သတိမထားမိပဲ ဆက်လှီးနေရင်းက သွေးစိမ်းရှင်ရှင်ပန်းထွက်လာခဲ့ပြီး ခြေမကိုင်မိလက်မကိုင်မိ အနေအထားနဲ့ အရေးပေါ်ကို ဖုန်းဆက်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဆေးအဖွဲ့​ရောက်လာချိန်မှာတော့ အသက် ၃၀ ဝန်းကျင်အမျိုးသားဟာ ကြမ်းပြင်ပေါ်မှာ ကိုယ်လုံးတီးနဲ့ သွေးများပေကျံနေတာကို တွေ့ခဲ့ရပါတယ်။
ဆေးအဖွဲ့က ဖြစ်စဉ်ကို မေးခဲ့ပေမယ့်လည်း အပြာကားကြည့်ပြီး စိတ်မထိန်းနိုင်လို့ ကိုယ့်ဟာကိုယ် လှီးဖြတ်ခဲ့မိတယ်လို့ပဲ တွင်တွင်ပြောဆိုပြီး ဘာကြောင့်ဖြစ်တယ် အသေးစိတ်ကို မေးလို့ မရခဲ့ပါဘူး။

ဆေးရုံသို့ ပို့ပေးခဲ့ပြီး အခုဆိုရင်တော့ အမျိုးသားဟာ ပြန်လည်ကျန်းမာလာပါပြီ။ ရဲတွေရဲ့အဆိုအရ ကိုယ့်ဟာကိုယ် ဒဏ်ရာရအောင်လုပ်ခဲ့မိတာဖြစ်လို့ ဘာအမှုမှ ရင်ဆိုင်ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။


21 May 2018     4,658 Views




RELATED

Most Popular of Special or Others

Most Popular of NEWS