BEC-TERO TV

iPhone X ခိုးယူသွားသော မိန်းကလေးအား အလိုက်တသိလာပြန်ပေးရန် ကြေညာထား

18 Jun 2018     1,340 Views


ဇွန်လ ၁၇ ရက်နေ့နေ့ ညနေ ၆ နာရီ ၁၉ မိနစ်အချိန်ခန့်တွင် မြန်မာပလာဇာတွင် ဖွင့်လှစ်ထားသော Win Mobile World (ဆိုင်ခွဲ ၂) တွင် ခင်းကျင်းပြသထားသည့် iPhone X အမျိုးအစား ဖုန်းတစ်လုံးကို ဖြုတ်ခိုးယူခဲ့သည့် မိန်းကလေးအား CCTV မှတ်တမ်းများဖြင့် အတိအကျ သိထားပြီဖြစ်ပြီး ခိုးယူခဲ့သောဖုန်းအား အလိုက်တသိပြန်လာအပ်ရန် ကြေညာချက်ထုတ်ပြန်ထားကြောင်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့နေ့ ညနေ ၆ နာရီ ၁၉ မိနစ်အချိန်ခန့်တွင် မြန်မာပလာဇာတွင် ဖွင့်လှစ်ထားသော Win Mobile World (ဆိုင်ခွဲ ၂) အတွင်းသို့ ကျောပိုးအိတ်လွယ်လျက် အထုပ်တစ်ထုပ် လက်တွင် ကိုင်ထားသော အမျိုးသားတစ်ဦးနှင့် အရုပ်တစ်ရုပ်ကိုင်ထားသော မိန်းကလေးတို့ နှစ်ဦးဝင်ရောက်လာပြီး နမူနူခင်းကျင်းပြသထားသော iPhone X များကို ကိုင်တွယ်ကြည့်ရှုခဲ့ကြသည်။

ထို​နောက် အမျိုးသားမှ အရောင်းဝန်ထမ်းအား အာရုံလွှဲပြောင်းနေစဉ် အရုပ်ကိုင်ထားသော မိန်းကလေးမှ iPhone X တစ်လုံးအား ဖြုတ်ယူခိုးသွားခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

CCTV မှတ်တမ်းများအရ သူတို့နှစ်ဦး၏ မျက်နှာများကို ပြတ်သားစွာ မြင်တွေ့နေရသော ပုံရိပ်များရရှိထားပြီး ခိုးယူခဲ့သူ မိန်းကလေး၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် လတ်တလောတွင် အများပြည်သူသိရှိအောင် ထုတ်ဖော်ပြသခြင်း၊ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းမရှိသေးပဲ ၃ ရက်အတွင်း မိမိအသိစိတ်ဓာတ်ဖြင့် ပြန်လာပေးရန် ၃ ရက်ကျော်လွန်ပါက သက်ဆိုင်ရာတွင် တိုင်းကြားပြီး အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်း Win Mobile World ဖေ့စ်ဘွခ်စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။

ခိုးယူခံရသော iPhone မှာ iPhone X (64 GB, Silver) IMEI – 359406081140705 ဖြစ်ပြီး iCloud တွင်လည်း Lost Mode ပြုလုပ်ထားပြီးဖြစ်တဲ့အတွက် ခိုးယူခဲ့သူအနေနဲ့လည်း ဘယ်လိုမှ အသုံပြုလို့ရနိုင်တော့မည် မဟုတ်ကြောင်း သိရှိရသည်။

 


18 Jun 2018     1,340 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS