BEC-TERO TV

မာလာလာ ကိုပစ်သတ်ရန်ညွှန်ကြားခဲ့သည့် တာလီဘန်ခေါင်းဆောင် သေဆုံး

18 Jun 2018     1,398 Views


၂၀၁၂ ခုနှစ်က မာလာလာကို သေနတ်ဖြသ့်ပစ်သတ်ရန် ညွှန်ကြားခဲ့သူ တာလီဘန် စစ်သွေးကြွတို့၏ ခေါင်းဆောင်ဖြစ်သူ မူလာဖက်ဇ်လူလာ(Mullah Fazlullah) ဟာ အမေရိကန်နဲ့ အာဖဂန်ပူးပေါင်းစစ်ဆင်ရေး မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုမှာ သေဆုံးခဲ့ပြီဖြစ်ကြောင်း အာဖဂန်နစ်စတန် ကာကွယ်ရေးဝန်ကြီးက ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကြာသပတေးနေ့က ပါကစ္စတန်နယ်စပ်အနီး ကူနာ ဒေသရှိပစ်မှတ်တစ်ခုကို ချိန်ရွယ်ပြီး လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါပစ်မှတ်မှာ တာလီဘန်ခေါင်းဆောင် မူလာဖက်ဇ်လူလာ ဖြစ်တယ်ဆိုတာ ယုံကြည်ကြောင်း အမေရိကန်စစ်တပ်မှ ပြောကြားခဲ့သည်။

မူလာဖက်ဇ်လူလာ ဟာ ၂၀၁၂ ခုနှစ်က ကျောင်းသူလေး မာလာလာ ကို ပစ်ခန်မှုမှာ ပါဝင်ခဲ့သူဖြစ်ပြီး နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကလေးပေါင်း ၁၃၂ ဦးကို စာသင်ကျောင်းတွေမှာ သတ်ဖြတ်ခဲ့မှု အတွက် အလိုရှိဆုံး ပါကစ္စတန်တာလီဘန် ခေါင်းဆောင် တရားခံတစ်ဦးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လက မူလာဖက်ဇ်လူလာ ပုန်းအောင်နေတာနဲ့ ပက်သက်ပြီး ခိုင်မာတဲ့ သတင်းပေးနိုင်သူကို အမေရိကန်ဒေါ်လာ ၅ သန်းဆုချီးမြှင့်မယ်လို့ ဆုငွေထုတ်ခဲ့ပါတယ်။ ပါကစ္စတန် တာလီဘန်ခေါင်းဆောင်တွေ ဘယ်နေရာမှာ အခြေချသလဲဆိုတာ အာဖဂန်နစ်စတန်တွေဆီက သတင်းရအောင် ယူတဲ့အဖွဲ့ရှိကြောင်း ပါကစ္စတတန်တာလီဘန် အဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ ၉ နာရီခန့်က ကူနာဒေသရှိ အိမ်တစ်လုံးမှာ မူလာဖက်ဇ်လူလာ နဲ့အတူ အခြားစစ်သွေးကြွခေါင်းဆောင် ၄ ဦး ရှိနေချိန်မှာ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့တဲ့အတွက် အားလုံးသေဆုံးခဲ့တယ်လို့ တာလီဘန်အဖွဲ့ဝင် Maulvi Abdur Rasheed က ရိုက်တာသတင်းဌါနကို ပြောကြားခဲ့ပါတယ်။
 


18 Jun 2018     1,398 Views




RELATED

Most Popular of International News

Most Popular of NEWS