BEC-TERO TV

ATM စက်ထဲမှ သိန်းနဲ့ချီတဲ့ ပိုက်ဆံများ ကြွက်ကိုက်ဖျက်ဆီးခံရ

20 Jun 2018     1,519 Views


အိန္ဒိယနိုင်ငံ တင်ဆူကီးယား ပြည်နယ်ရှိ ATM စက်တစ်ခုတွင် အနည်းဆုံး ရူပီး ၁၂ သိန်းခန့်ရှိသော ငွေစက္ကူများ ကြွက်ကိုက်ခဲ့သဖြင့် တစ်စစီဖြစ်ခဲ့ရကြောင်း အိန္ဒိယသတင်းတွင် ဖော်ပြထားသည်။

လယ်ပူလီအရပ်ရှိ အန္ဒိယပြည်နယ်ဘဏ် (State Bank of India) ပိုင် ATM စက်တစ်ခုဟာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် မေလ ၂၀ ရက်နေ့ထဲက အသုံးပြုခွင့် ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၁ ရက်နေ့မှာ စက်ပြင်ဆရာအချို့ ရောက်ရှိလာပြီး စက်ကိုပြင်တံခါးဖွင့်လိုက်စဉ် ရူပီးငွေစက္ကူ ၅၀၀ တန်နှင့် ၂၀၀၀ တန် အပိုင်းအစလေးများ ထွက်နေသည်ကို တွေ့ခဲ့ကြရသည်။

SBI ဘဏ်၏ ပြောဆိုမှုအရ ရူပီး ၁၂,၃၈,၀၀၀ တန်ဖိုးငွေစက္ကူများ ဖျက်ဆီးခံခဲ့ရကြောင်း အဆိုပါ ATM စက်များကို Global Business Solution ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေတာ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
Global Business Solution ကုမ္ပဏီက မေလ ၁၉ ရက်နေ့က ရူပီး ၂၉ သိန်းကို အဆိုပါ ATM စက်ထဲဖြည့်ပေးခဲ့ပြီး နောက်တစ်ရက်မှာ စက်ချို့ယွင်းခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရက Global Business Solution ကုမ္ပဏီကို စွဲချက်တင်ထားပြီး တင်ဆူကီးယား ပြည်နယ်ရဲအဖွဲ့က ဖြစ်ရပ်ကို စစ်ဆေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီပိုက်ဆံတွေအားလုံးဟာ ကြွက်ကိုက် ဖျက်ဆီးခံထားရတယ်ဆိုတာကတော့ ဓါတ်ပုံတွေအရ အထင်အရှားဖြစ်ပါတယ်။


20 Jun 2018     1,519 Views




RELATED

Most Popular of International News

Most Popular of NEWS