BEC-TERO TV

သူငယ်ချင်းအရင်းကြီးကို ဓါးနဲ့ခုတ်သတ်ပြီးမှ ရဲစခန်းတွင် အဖမ်းခံသူ

22 Jun 2018     1,259 Views


ကရင်​ပြည်​နယ်​၊ဘားအံမြို့နယ်​တွင်​ဇွန်​လ ၂၁ရက်​​နေ့ ည​နေပိုင်းက တစ်​ရွာတည်းနေသူအချင်းချင်း အရက်​အတူ​သောက်​စားပြီး စကားများရာက ဓါးခုတ်​မှုဖြစ်​ပွားခဲ့သည်။ ဓါးဖြင့်ခုတ်​ခံသူမှာ အခင်းဖြစ်​​ရာနေရာတွင်​ ​သေဆုံးသွားခဲ့ပြီး ပြစ်​မှုကျူးလွန်​သူမှာ ထွက်​​ပြေး တိမ်းရှောင်​သွားခြင်းမရှိပဲ ကိုယ်​တိုင်​အဖမ်းခံခဲ့​ကြောင်း သတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ ဇွန်​လ ၂၁ ရက်​​နေ့ ည​နေ ၃ နာရီ အချိန်​ခန့်က ဘားအံမြို့နယ်​၊ ​ထောင်​ကလပ်
ကျေးရွာအုပ်​စု၊ က​မော့​ညော(ထူးဂုဏ်​)​ကျေးရွာတွင်​ ဓါးခုတ်​မှုဖြစ်​ပွား​ကြောင်း သတင်းအရ
အိန္ဒုနယ်​​မြေရဲစခန်းမှူး ရဲအုပ်​ မင်း​အောင်​ထွန်း ဦးစီးသောအဖွဲ့မှ သက်​​သေများနှင့်အတူ သွား​ရောက်​စစ်​​ဆေးရာ ဓါးဖြင့်အခုတ်​ခံရသူမှာ မျိုးသူ(ခ)ပန်းကြီး (၂၈နှစ်​) ဖြစ်​​ကြောင်းသိရသည်။ လည်​ပင်းဇတ်​ပိုးနေရာတွင်​ ပြတ်​ရှဒဏ်​ရာဖြင့် ​နေအိမ်​ကွန်​ကရစ်​ကြမ်းပြင်​​ပေါ်ရှိ​ သွေးအိုင်​ထဲတွင်​ လဲကျ​သေဆုံး​နေသည်​ကိုစစ်​​ဆေး​တွေ့ရှိ၍ ဘားအံ​ဆေးရုံကြီးသို့ ရဲ​ဆေးစာဖြင့် ပို့​ဆောင်​ထားခဲ့ကြောင်း သိရှိရသည်။

ဆက်​လက်​၍ ဖြစ်​စဉ်​အား ​မေးမြန်းစစ်​​ဆေးရာ အခင်းဖြစ်​​သည့်နေ့ နံနက်​ ၈ နာရီခန့်က နိုင်​ဝင်း(ခ)နိုင်​ကြီး (၃၅နှစ်​)၊ က​မော့​ညော(ထူးဂုဏ်​)​ကျေးရွာ​နေသူနှင့် ​သေဆုံးသူ မျိုးသူ(ခ)ပန်းကြီး တို့နှစ်​ဦးသည်​ ဘားအံမြို့နယ်​၊ ​တောင်​ဝိုင်း​တောင်​သို့ မျှစ်​ချိုးအတူ သွား​ရောက်​ခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင်​ ရွာသို့ပြန်​လည်​​ရောက်​ရှိကာ နိုင်​ဝင်း(ခ)နိုင်​ကြီး၏ ​နေအိမ်​၌ အရက်​အတူ​သောက်​ကာ ထမင်းအတူစားခဲ့ပြီး စကား​ပြောဆိုကြစဉ်​ တစ်​ဦးနှင့် တစ်​ဦး စကားအ​ချေအတင်​ဖြစ်​ရာမှ တစ်​​ယောက်​တစ်​ခွန်း စကားများခဲ့ကြပြီး နိုင်​ဝင်း (ခ)နိုင်​ကြီးက အနီးရှိ အရှည်​ နှစ်​​ပေခွဲခန့်​ရှိ​သောဓါးရှည်​ဖြင့် မျိုးသူ(ခ)ပန်းကြီး၏ လည်ပင်း ဇတ်​ပိုးအား ခုတ်​ပိုင်းခဲ့ခြင်းဖြစ်​​ကြောင်း စစ်​​ဆေးသိရှိခဲ့ရသည်​။

ဖြစ်​စဉ်နှင့်ပတ်​သက်​ပြီး ဓါးဖြင့်ခုတ်​သူ နိုင်​ဝင်း (ခ)နိုင်​ကြီးမှာ ထွက်​​ပြေးတိမ်း​ရှောင်​သွားခြင်းမရှိဘဲ ကိုယ်​တိုင်​ အဖမ်းခံခဲ့သဖြင့် စခန်းမှူး ရဲအုပ်​မင်း​အောင်​ထွန်းက အမှုဖွင့်ဖမ်းဆီးကာ ဆက်​လက်​စစ်​​ဆေးလျှက်​ရှိ​ကြောင်း သတင်းရရှိသည်​။

ဘားအံသတင်း

 


22 Jun 2018     1,259 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS