English is Fun (Episode 176)
24 Jul 2015 3,714 Views

အခုသင်ခန်းစာမှာတော့ နောက်ထပ် လသုံးလ ဖြစ်တဲ့ June, July နဲ့ August ကတော့ မိုးရာသီတွေဖြစ်ပါတယ်။ နောက်ပြီးတော့ မိုးရွာရင်ဆောင်းဖို့ ထီးလေးတွေ လုပ်လိုက်ရအောင်။
လိုအပ်တဲ့ပစ္စည်းတွေကတော့ အ၀ိုင်းပုံညှပ်ထားတဲ့ ရောင်စုံစာရွက်လေးတွေ၊ ကျစ် ထားတဲ့ စက္ကူချောင်းလေးတွေ၊ ကပ်ကြေးတစ်လက် နဲ့ ကော်ပဲဖြစ်ပါတယ်။ အ၀ိုင်းပုံစာရွက်လေးကို တစ်ပိုင်းခေါက်ပါ။ ခေါက်ရာအတိုင်း ကပ်ကြေးနဲ့ တစ်ဝက်ညှပ်ပါ။ ပြီးရင် ခေါက်သေးသေးလေးတွေကို ရှေ့တစ်ခေါက်၊ နောက် တစ်ခေါက် ခေါက်ပါ။
ပြီးရင် ညှပ်ထားတဲ့ အစွန်းနှစ်ဖက်ကို ကော်နဲ့ကပ်ပါ။ ပြီးရင် ကျစ်ထားတဲ့ စက္ကူချောင်း လေးတွေကို ထီးအမိုးအလယ်မှာ ကော်နဲ့ကပ်လိုက်ပါ။ ရောင်စုံထီးလေးရပြီပေါ့။ ထီးကိုတော့ အင်္ဂလိပ်လို UMBRELLA လို့ခေါ်ပါတယ်။





