BEC-TERO TV

ပုသိမ်မြို့တွင် ကျောင်းဆရာတစ်ဦး ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

19 Jul 2018     1,428 Views


ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် အသက် ၂၇ နှစ်အရွယ် မူလတန်းပြကျောင်းဆရာတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည် ။
 
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် (၇) ရက်ကွက်တွင် နေထိုင်သော ကျောင်းဆရာကိုဘိုဘိုအောင်၊ ၂၇ နှစ်သည် နေအိမ်ထုတ်တန်းပေါ်၌ ကိုယ့်ကိုကိုယ်ကြိုးဆွဲချ သေဆုံးသွားခဲ့သဖြင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြသည်။
 
“ဒီကျောင်းဆရာဘိုဘိုအောင်က ကျွန်တော်တို့အမှတ်(၇) ရပ်ကွက်မှာ နေထိုင်တာတော့ဟုတ်ပါတယ်။ ဒါပေမဲ့ ကန်ကြီးထောင့်ဘက်မှာရှိတဲ့ ဒယ်ကန်ကျေးရွာမှာ မူလတန်းပြနေတဲ့ကျောင်းဆရာပါ။ လူပျိုဖြစ်ပြီး အခင်းဖြစ်တဲ့ နေ့က အပြင်ကနေပြန်လာခဲ့ရင်းအခုလိုကြိုးဆွဲချပြီးသေဆုံးသွားတာကို တွေ့ရှိရတဲ့အတွက် ကျွန်တော်တို့ တောင် အံ့သြနေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကျောင်းဆရာလေးက ဘာပြဿနာမှ မရှိတဲ့သူပါ။ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲပါ”ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၄/၂၀၁၈ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည် ။

19 Jul 2018     1,428 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS