BEC-TERO TV

စီးပွားဖြစ် ဖူဆယ်ဘောလုံးကွင်းများကို စစ်ဆေးတော့မည်

20 Jul 2018     2,086 Views


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော စီပွားဖြစ် ဖူဆယ်ဘောလုံးကွင်းများ ယခုနှစ်အတွင်း များပြားလာပြီး စည်းကမ်းကြပ်မတ်မှု အားနည်းနေသဖြင့် သတ်မှတ်စံချိန်စံညွှန်းများ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လူမှုရေး နှင့် စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင် ဦးလှဌေးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ဇူလိုင် ၁၈ ရက်က လူမှုရေးနှင့် စီမံခန့်ခွဲရေးကော် မတီနှင့် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူများ တွေ့ဆုံ၍ လက်ရှိ ဖွင့်လှစ်လုပ်ကိုင်နေသည့် ဖူဆယ်ကွင်းများနှင့် ပတ်သက်၍ စိစစ်ဆောင်ရွက်မည့် အခြေအနေကို ဆွေးနွေးခဲ့ရာတွင် ဖူဆယ် ဘောလုံးကွင်း အများစုသည် ခွင့်ပြုချက်ရယူခြင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးခံယူထားခြင်းမရှိသဖြင့် ခွင့်ပြုချက် ပြန်လည်လျှောက်ထားစေကာ စိစစ်ရန် ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဦးလှဌေးက ပြောကြားခဲ့သည်။


ကျွန်တော်တို့ကလည်း တရားဝင်ဖြစ်ချင်ပါတယ်။ တရား ဝင်ဖြစ်နိုင်ဖို့ သက်ဆိုင်ရာဌာန တွေမှာ စုံစမ်းကြည့်တော့ ပတ် ဝန်းကျင်နဲ့ အဆင်ပြေရင် လုပ်ဆို တာမျိုးပဲရှိတယ်။ ဖူဆယ်ကွင်း လုပ်ငန်းအတွက် သတ်မှတ်ချက် သီးခြားမရှိတော့ ဌာနဆိုင်ရာတွေ ဘက်ကလည်း နားလည်မှုနဲ့ ခွင့် ပြုထားတဲ့ သဘောပေါ့။ တရား ဝင်လိုင်စင်ချပေးပြီး ခွင့်ပြုမယ်ဆို ရင်လည်း လိုင်စင်ကြေး အများ ကြီးတောင်းခံမယ်ဆိုရင်တော့ အ ဆင်မပြေနိုင်ဘူး” ဟု လှိုင်သာယာ တွင် ဖူဆယ်ကွင်း ဖွင့်လှစ်ထား သည့် ကိုသီဟက ပြောသည်။


ထို့အပြင် ဖူဆယ်ကွင်းတစ် ကွင်းတွင် ရှိသင့်သည့် အကျယ်အဝန်း သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ၊ မရှိ စစ်ဆေးမည် ဆိုပါက မြေအကျယ်အနည်းငယ် ပေါ်တွင် ဆောက်လုပ်ထားသူများ နစ်နာမှုရှိလာနိုင်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။
မူဆယ်ကွင်းတစ်ကွင်းအနေ ဖြင့် အလျားပေ ၁၂၀၊ အနံပေ ၆၀ နှင့် အလျားပေ ၁၀၀၊ အနံပေ ၅၀ အကျယ်ရှိရန် လိုအပ်ပြီး သုံးစွဲသည့် မြက်ခင်းအတု၏ အရည် အသွေးပေါ်မူတည်၍ မြေဖိုးမပါ ဝင်ပဲ ကွင်းတစ်ကွင်းလျှင် ကုန်ကျငွေ ကျပ်သိန်း ၃၀၀ အထက်ရှိသည်ဟု ဖူဆယ်ကွင်းပိုင်ရှင် အချို့က ဆိုသည်။


လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် ဖူဆယ်ကွင်း ၁၀၀ ကျော်ရှိသည် ဟု သိထားကြောင်း ဦးလှဌေးက ပြောသည်။

7DayDaily

Photo: Illustration Only


 


20 Jul 2018     2,086 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS