BEC-TERO TV

ဆရာမ၏ အပြစ်ပေးမှုကြောင့် လည်ပင်းရိုးနှစ်ချောင်း အဆက်ယွင်းခဲ့ရတဲ့ ကလေး

20 Jul 2018     1,300 Views


ကျောင်းတွင် သင်္ချာပုစ္ဆာမှန်အောင် မတွက်တက်သည့် ၂ တန်း ကျောင်းသားတစ်ဦးအား ဆရာမက ခေါင်းကို စားရေးစားပွဲနဲ့ ဆွဲဆောင့်ခဲ့သည့်အတွက် လည်ပင်းရိုးနှစ်ချောင်း အဆက်ယွင်းသွားခဲ့ရကြောင်း ကျောင်းသား၏ မိခင်ဖြစ်သူတစ်ဦးက လူမှုကွန်ယက်တွင် ရေးသားဖော်ပြခဲ့သည်။

ကျမ …မြင့်မိုရ်ကျောင်းကဆရာမတယောက်ကြောင်းပြောပြချင်တယ်
စာကိုဆုံးအောင်ဖတ်ပေးပြီးဘယ်လိုလုပ်သင့်တယ်ဆိုတာပြောပေးစေချင်တယ်။


ကျမသားက၂တန်းပါ ဒီနေ့ကြောင်းကပြန်သားကဇက်ရိုးခိုင်ပီး ဟိုဘက်ဒီဘက်လှည့်မရဘူး မေးတော့ သင်္ချာတွက်မရလို့. ခေါင်းကိုစားပွဲနဲ့ဆွဲဆောင့်တယ်တဲ့။


ဆရာမဒေါ်ခက်ခက်မိုးတဲ့ဒါနဲ့ကျမတို့ဆေးခန်းသွားပြီးဓါတ်မှန်ရိုက်တယ်ဆရာကြီးဒေါက်တာဦးခင်သိန်းပြတော့လည်ပင်းရိုးနှစ်ချောင်းအဆက်ယွင်းသွားတယ်။
လက်နဲ့စာရေးလို့မရဘူးတဲ့ စာမေးပွဲဖြေဖို့ သုံးရက်ပဲလိုပဲ လိုပြီ ကျမဘယ်လိုတုန့်ပြန်သင့်လဲ သူများထမင်းအိုးလည်းမခွဲချင်ဘူး ဘာလို့အကြင်နာတရားကင်းရတာလဲ အဲလိုတောင်လုပ်စရာလား။


ကျမသားကအဖျင်းအညုံ့ကြီးမဟုတ်ပါဘူး အခုဆိုလည်ပင်းစည်းကြီးနဲ့ အကြာကြီးနေရတော့မယ် မိဘချင်းကိုချင်းစာပေးကြပါ။
ဟု Khin Myo အကောင့်ပိုင်ရှင်က ရေးသားဖော်ပြခဲ့ပါတယ်။

Credit: Khin Myo





 


20 Jul 2018     1,300 Views




RELATED

Most Popular of Special or Others

Most Popular of NEWS