BEC-TERO TV

Fashion Brand ထုတ်ဖို့စီစဉ်နေပါတယ်ဆိုတဲ့ Fashion King Ar-T

20 Jul 2018     1,282 Views


ဖက်ရှင်နဲ့ ပက်သတ်ရင် အမြဲ ဆန်းသစ် ပြီး fashion ကျတဲ့ အပြင် Dance ပိုင်းပါ ပိုင်နိုင်ပြီး အဆိုပါကောင်းတဲ့   Ar-T ကတော့ Fashion Brand ထုတ်ဖို့ အစီအစဉ်ရှိပါတယ်လို့ ပြောထားပါတယ် ။

“ထုတ်ဖို့ရှိပေမယ့် လောလောဆယ်တော့ မထုတ်ဖြစ်သေးပါဘူး ။ အခြေအနေတစ်ခုကိုစောင့်နေတာပါ ။ကျွန်တော့ ဘက်က ready ဖြစ်ရင်တော့ ထုတ်ဖို့ရှိပါတယ် ။ Collaboration လုပ်ဖို့အတွက်  နိုင်ငံခြား Brand တစ်ခုနဲ့လည်း စကားပြောနေပါတယ် ။ အိမ်မှာ နေရင်တော့ အားကစားဝတ်စုံနဲ့ ပေါ့ပေါ့ပါးပါး ပဲနေဖြစ်တာများပါတယ်။ အချိန်အများစုကတော့ GYM မှာကုန်တာများပါတယ်။ အလုပ်ရှိတဲ့နေ့ဆို အလုပ်လုပ်တယ်။ အိမ်မှာနေရင် တီဗီ ကြည့်တယ် နေထိုင်မှုပုံစံက ဒီလောက်ပါပဲ” ဆိုပြီး နေ့တဲ့ life Style ကိုပြောပြထားပါတယ် ။ ဒီကြားထဲမှာလည်း Music Video တွေထွက်ဖို့ရှိပါသေးတယ်လို့ ပြောသွားခဲ့ ပါတယ် ။

Crd-popular 


20 Jul 2018     1,282 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment