BEC-TERO TV

စဥ့်ကူးမြို့တွင် တောဆင်ရိုင်းတစ်ကောင် အဆိပ်လူးမြားဖြင့် အပစ်ခံရ

23 Jul 2018     1,270 Views


ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် အသက် ၄၀ နှစ်ခန့်ရှိ ဟိုင်းဆင် အမျိုးအစား တောဆင်ရိုင်းတစ်ကောင် အဆိပ်လူးမြားဖြင့် အပစ်ခံရပြီး သေဆုံးနေကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ သစ်တောရုံးဘက် ၃ မိုင်ခန့်အကွာ ဆင်ရိုးပုံတောင်ခြေသွားတောလမ်းဘေးတွင် တောဆင်ရိုင်းတစ်ကောင် သေဆုံးနေကြောင်း ပြည်သူများတိုင်တန်းချက်အရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ မှ သွားရောက်စစ်ဆေးခဲ့သည် ။
 
 
ဆင်ရိုင်းမှာ အရပ်အမြင့် ၆ ပေ ၈ လက်မ ၊ အသက် ၄၀ နှစ်ခန့်ရှိ ဟိုင်းဆင်အမျိုးအစား တောဆင်ရိုင်းတစ်ကောင်ဖြစ်ပြီး ရှေ့ ရင်ညွန်းတွင် သံဆူးချွန်ပေါက်ထွက်နေသည့် ဒဏ်ရာ ၁ ချက် ယာပေါင်နောက်တွင် သစ်သားစ ပေါက်ဝင်နေသည့် ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ ရှိရသည်ဟု အကုန်သိသတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး တာဝန်ရှိသူများမှ တောဆင်းရိုင်းအား သတ်ဖြတ်သွားသူကို စုံစမ်းစစ်ဆေးလျက်ရှိပြီး ရဲစခန်းမှ (ပ) ၁၆၂/၂၀၁၈ ဥပဒေပုဒ်မ ၄၁(က) ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည် ။

23 Jul 2018     1,270 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS