BEC-TERO TV

ကောက်စိုက်အမျိုးသမီးသုံးဦး မိုးကြိုးအပစ်ခံရပြီး သေဆုံးမှုဖြစ်ပွား

23 Jul 2018     1,248 Views


ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ကျောက်တံခါမြို့ နယ် ပဲနွယ်ကုန်းနယ်မြေရဲစခန်းအပိုင်တွင် ကောက်စိုက်နေသော အမျိုးသမီးသုံးဦး မိုးကြိုးပစ်ချခြင်းခံရသဖြင့် လူသေဆုံးခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ ဂွေးကုန်းကျေးအနီးလယ်ကွင်းပြင်တွင် ကောက်စိုက်နေကြသော မတင်တင်ဌေး ၃၃ နှစ် ၊ မပပလှိုင် ၂၅ နှစ် နှင့် မငယ်ထွေး ၂၆ နှစ်တို့သည် လယ်ကွက်အတွင်း၌ ကောက်စိုက်နေစဉ် ရုတ်တရက် မိုးကြိုးပစ်ချလိုက်သဖြင့် မတင်တင်ဌေးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည် ။
 
“ဖြစ်တာကတော့မနက် ၈ နာရီခွဲလောက်ပဲကောက်စိုက်နေရင်းဖြစ်တာပါ သေဆုံးသူအမျိုးသမီးကလည်း အိမ်ထောင်သည်ပါပဲ ကျန်နှစ်ဦးလည်း ကျောကုန်းတွေမှာဒဏ်ရာတွေရထားတယ် ပထမတော့ပဲနွယ်ကုန်းဆေးရုံတင်ထားရတယ် အဲ့ကနေမှဖြူးကိုလွှဲတာပါ ” ဟု တာချီလိတ်သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရဲစခန်းမှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် သေမှုသေခင်းအမှတ် ၂/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည် ။

23 Jul 2018     1,248 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS