BEC-TERO TV

သူဌေးလိုနေတဲ့ ထိုင်းဘုန်းကြီးတစ်ပါးအား ထောင်ဒဏ် ၁၁၄ နှစ်ချမှတ်

10 Aug 2018     1,556 Views


အကောင်းစားအသုံးအဆောင်များ ဝတ်ဆင်ကာ ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှာ ခန့်ခန့်ကြီး လိုက်ပါစီနင်းခဲ့တာကို ဗီဒီယိုအဖြစ် YouTube မှာတင်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခံခဲ့ရာမှာ ငွေကြေးခဝါချမှု၊ လိမ်လည်မှုများအပြင် အခြားပြစ်မှုများ ပေါ်ပေါက်ခဲ့သဖြင့် ထောင်ဒဏ် ၁၁၄ နှစ်ကျခံစေရန် သြဂုတ်လ ၉ ရက်နေ့တွင် တရားရုံးက စီရင်ချက်ချခဲ့သည်။

လူအမည် (ဝီရပိုလ်ဆပ်ခ်ပိုး) ရဟန်းဘွဲ့ လောင်ပူနမ်ခမ်း ဆိုသော ဘုန်းကြီးတစ်ပါးဟာ ဘုန်းကြီးတစ်ပါ၏ အဆောင်အယောင်ထက် များစွာကျော်လွန်ကာ အကောင်းစားနေကာမျက်မှန်၊ LV လက်ကိုင်အိပ်တို့ကို ကိုင်ဆောင်ပြီး ပိုက်ဆံအထပ်လိုက် ကိုင်ဆောင်လျှက် သီးသန့်ဂျက်လေယာဉ်တစ်စင်းပေါ်မှာ သန်းကြွယ်သူဌေးကြီးတစ်ဦးသဖွယ် လိုက်ပါလာသည့် ဗီဒီယိုကို အွန်လိုင်းပေါ်တင်ခဲ့တာကြောင့် သူ့ရဲ့သတင်းတွေဟာ ၂၀၁၃ ခုနှစ်တုန်းက သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူထားခဲ့ပါတယ်။

အဆိုပါသတင်းတွေကြောင့် ရဟန်းဘဝမှ ထုတ်ပယ်ခံခဲ့ရပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ရဟန်းတော်များနဲ့ မလျော်ကန်ဆန့်ကျင်တဲ့ လိင်ကျူးလွန်မှုတွေ၊ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေနဲ့ နှီးနှောမူတွေအပြင် အခြားပြစ်ချက်များနဲ့ တရားစွဲခံခဲ့ရပါတယ်။

အဲဒီအတွက် သူဟာ အမေရိကန်နိုင်ငံကို ထွက်ပြေးခဲ့ပါတယ်၊ ဒါပေမယ့်  ၂၀၁၇ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံက တရားခံပြေးဖြစ်နေတဲ့ သူ့ကိုဖမ်းဆီးပြီး ထိုင်းနိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

သူဟာ ဘုန်တော်ကြီးတွေအပေါ် လူတွေက ယုံကြည်ကိုးစားတဲ့ အထူးအခွင့်အာဏာကို အသုံးချပြီး လိမ်လည်လှည့်ဖြားခဲ့ကြောင်း၊ ဇိမ်ခံကားမြောက်မြားစွာလည်း ဝယ်ယူခဲ့ကြောင်းဝန်ခံခဲ့ပါတယ် (ဒီအချကကြောင့် ငွေကြေးခဝါချမှုတွေပါလုပ်ကိုင်ခဲ့ကြောင်း တရားရုံးက သုံသပ်ခဲ့ပါတယ်)။

ဘန်ကောက်မြို့ရှိ တရားရုံးက သူ့ရဲ့ပြစ်မှုများအတွက် စုစုပေါင်း ထောင်ဒဏ် ၁၁၄ နှစ်ကျခံစေရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့  တရားဥပဒေအရ ပြစ်မှုတစ်ခုထဲကို အခါခါကျူးလွန်သူဟာ ထောင်ဒဏ် အမြင့်ဆုံး ၂၀ နှစ်ကျခံရမယ်လို့ ပြဌါန်းထားတဲ့အတွက် ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်ခဲ့ပေမယ့် သူဟာအမှန်တစ်ကယ် ထောင်ဒဏ် ၂၀ နှစ်သာ ကျခံဖို့ရှိနေပါတယ်။
ဝီရပိုးလ်နဲ့ သူ့ရဲ့ရှေ့နေကတော့ ဘာတစ်ခွန်းမှ ပြန်လှန်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ဝီရပိုးလ် ဟာ ကလေးသူငယ်များအပေါ် မတော်မတရားလုပ်မှု၊ သွေးဆောင်ဖျားယောင်းခိုးယူမှုတွေနဲ့ အမှုရင်ဆိုင်နေရပါတယ်။ ဒီအမှုအတွက် ဂျူရီလူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကို လာမယ့် အောက်တိုဘာမှာ ကြားနာရမှာပါ။

ဝီရပိုးလ်ရဲ့ အမှုဟာ ထိုင်းနိုင်ငံမှာရှိတဲ့ ဘာသာရေး ဘုန်းတော်ကြီးတွေကြား လိင်ပိုင်ဆိုင်ရာ ငွေကြေးပိုင်းဆိုင်ရာ အလွဲသုံးစားပြုနေမှုများကို ထင်ဟပ်ပေါ်လွင်စေခဲ့ပြီး အဲဒီအတွက် ရလဒ်ကတော့ ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်အစိုးရက ဗုဒ္ဓဘာသာသန့်ရှင်းရေး အစီစဉ်ဖြင့် မဟုတ်မမှန်လုပ်ကိုင်နေတဲ့ သံဃာအတုတွေကို ဖမ်းဆီးတာတွေ ဒဏ်တပ်တာတွေ ပြုလုပ်ခဲ့ပြီး ဗုဒ္ဓသံဃာ့မဟာနာယကကောင်စီရဲ့ အခွင့်အာဏာလွှမ်းမိုးမှုတွေကို နည်းပါးအောင် လုပ်ဆောင်ခဲ့ပါတယ်။

REF:CNA
 


10 Aug 2018     1,556 Views




RELATED

Most Popular of International News

Most Popular of NEWS