BEC-TERO TV

ရန်ကုန်ရောက်ရင် သွားလည်သင့်တဲ့ အထင်ကရသမိုင်းဝင်နေရာများ (Historical Places must visit in Yangon)

10 Aug 2018     4,780 Views


ကိုလိုနီလက်အောက်ခံနိုင်ငံ တစ်ခုဖြစ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာ အတိတ်သမိုင်းကြောင်းတွေကို ပြန်လှန်ပြောပြပေးမယ့် သမိုင်းဝင်အထင်ကရနေရာတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ ရန်ကုန်မြို့ရောက်ရင် မဖြစ်မနေသွားရောက် လည်ပတ်သင့်တဲ့ ထိပ်တန်းနေရာ (၁၀) ခုကို ဖော်ပြပါရစေ..။
နေရာအများစုက မြို့ထဲဧရိယာဝန်းကျင်မှာပဲ ရှိနေတဲ့အတွက် အဲဒီနေရာကပဲ စလိုက်ကြရအောင်ပါ။


၁။ မြို့တော်ခန်းမ

ရန်ကုန်မြို့တော် ခန်းမဟာ ရန်ကုန်မြို့ရဲ့ အထင်ကရ ခန်းမကြီးတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တော်ရဲ့ အလယ်တည့်တည့် ဆူလေးဘုရားအနီးမှာ တည်ရှိနေပါတယ်။
မြန်မာဆန်လှတဲ့ မြို့တော်ခန်းမရဲ့ ပုံစံဒီဇိုင်းကို မြန်မာဗိသုကပညာရှင်ကြီး ဦးတင် က ရေးဆွဲခဲ့ပါတယ်။ မြို့တော်ခန်းမကို ၁၉၂၆ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ပြီး ဆယ်နှစ်အကြာ ၁၉၃၆ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။

မြို့တော်ခန်းမရဲ့ အဝင်ဝမျက်နှာစာ တည့်တည့်မှာ ကဒေါင်းရုပ် ရှိပြီ တစ်ဖက်တချက်စီမှာ တိုးနယား တစ်ကောင်စီ ခြံရံထားတာက ထူးခြားလှပါတယ်။
အခုဆိုရင်တော့ မြို့တော်ခန်းမကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးရုံးချုပ် အဖြစ် တွေ့မြင်ရမှာပါ။ ရန်ကုန်မြို့တော်ခန်းမဟာ မဟာဗန္ဓုလလမ်းပေါ်မှာ တည်ရှိပါတယ်။

 


၂။ မဟာဗန္ဓုလပန်းခြံ

အထပ်မြင့်အဆောက်အဦတွေ ဝန်းရံနေတဲ့ ရန်ကုန်မြို့လယ်မှာ မဟာဗန္ဓုလပန်းခြံကတော့ စိမ်းလန်းတဲ့ အိုအေစစ်လေးတစ်ခုလို ဖြစ်လို့နေပါတယ်။ အင်္ဂလိပ်ကို ပထမဆုံးတော်လှန်ခဲ့တဲ့ (၁၈၂၄ − ၁၈၂၆) စစ်သူကြီးမဟာဗန္ဓုလကို ဂုဏ်ပြုတဲ့အနေနဲ့ မဟာဗန္ဓုလပန်းခြံလို့ အမည်မှည့်ခဲ့တာပါ။

ရန်ကုန်မြို့တော်ခမ်းမရဲ့ အရှေ့တည့်တည့်မှာ တည်ရှိတဲ့ ပန်းခြံရဲ့ အလယ်မှာတော့ မြန်မာနိုင်ငံရဲ့ လွပ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်ကြီး စိုက်ထူထားပါတယ်။ ယခင်က လွပ်လပ်ရေးကျောက်တိုင်ကြီးရဲ့နေရာမှာ အာမေးနီးယန် စီးပွားရေးလုပ်ငန်းတစ်ခုက လက်ဆောင်ပေးထားတဲ့ ဗစ်တိုးရီးယား ဘုရင်မကြီးရဲ့ ရုပ်တုရှိခဲ့ဖူးပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာပြည်လွပ်လပ်ရေးရပြီးနောက်ပိုင်းမှာ ဘုရင်မရုပ်တုကြီးရဲ့နေရာမှာ လွပ်လပ်ရေးကျောက်တိုင်ကြီး စိုက်ထူထားခဲ့တာဖြစ်ပါတယ်။

သစ်ပင်ပန်းပင်တွေ ခြံရံနေတဲ့ ပန်းခြံထဲမှာ လူကြီးတွေအပမ်းဖြေ အနားယူနိုင်သလို ကလေးတွေအနေနဲ့လည်း လွပ်လပ်စွာ ပြေးလွှားဆော့ကစားနိုင်တဲ့ စိမ်းလန်းတဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။ ညဘက်တွေမှာတော့ အလှမီးများနဲ့ အလှဆင်ထားပါတယ်။

 


၃။ ဗဟိုတရားရုံး

နောက်ထပ်သမိုင်းဝင်တဲ့ အဆောက်အဦနေရာတစ်ခုကတော့ ဗဟိုတရားရုံးပဲဖြစ်ပါတယ်။ ဗြိတိသျှတို့အုပ်ချုပ်စဉ်အချိန်အခါက တရားစီရင်ရေးမှာ အမြင့်ဆုံးတရားရုံးတစ်ခုပဲဖြစ်ပါတယ်။ ပန်းဆိုးတန်းလမ်းမကြီးပေါ်မှာ တည်ရှိပြီး မဟာဗန္ဓုလပန်းခြံကနေ လမ်းကူလိုက်တာနဲ့ တွေ့ရမှာပါ။

၁၉၀၅ ခုနှစ်က ဗိသုကာပညာရှင် ဂျွန်ရန်ဆမ် က ပုံစံထုတ်ဆောက်လုပ်ခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာ ပြီးစီးခဲ့ပြီး အန်းဘုရင်မကြီးရဲ့ အဆောက်အဦပုံစံတွေကို သက်ဝင်နိုးကြွလာအောင် မျက်နှာလေးဘက်ပါတဲ့ နာရီစင်ကိုပါထည့်သွင်း တည်ဆောက်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ထိ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးထိ အသုံးပြုခဲ့ပါတယ်။

 


၎။ ဝန်ကြီးများရုံး

ကနဦးက အတွင်းဝန်ရုံးလို့ခေါ်ဆိုခဲ့ပြီး ဝန်ကြီးများရုံးအဖြစ် လူသိများထင်ရှားပါတယ်။ အုတ်ခဲအနီရောင်များနဲ့ ယူပုံသဏ္ဍန်တည်ဆောက်ထားတဲ့ အဆောက်အဦကြီးဟာ သိမ်ဖြူလမ်းမကြီးနဲ့ ဗိုလ်အောင်ကျော်လမ်းကြားမှာ ခန့်ညားစွာ တည်ရှိပါတယ်။ ၁၈၀၀ ခုနှစ်များ နှောင်းပိုင်မှာ တည်ဆောက်ခဲ့ပြီး ၁၉၀၂ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

အတွင်းဝန်များရုံးဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အဆောက်အဦကြီး တစ်ခုလည်းဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အတွင်းဝန် ၆ ဦး အစည်းအဝေးကျင်းပနေစဉ် လုပ်ကြံခံခဲ့ရတဲ့ နေရာလည်းဖြစ်ပါတယ်။
ပုံမှန်အားဖြင့် ဝန်ကြီးများရုံးကို ပိတ်ထားသော်လည်း နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့ ရောက်တိုင်း အများပြည်သူကြည်ရှုလေ့လာနိုင်အောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုံးခန်းနေရာနဲ့ အစည်းအဝေးကျင်ပခဲ့ရာ အခန်းတို့ကို ဖွင့်လှစ်ပေးထားပါတယ်။

 


၅။ ဗဟိုစာတိုက်ကြီး

ဗိုလ်အောင်ကျော်လမ်းနဲ့ ကမ်းနားလမ်းထောင့်မှာ တည်ရှိတဲ့ ဗဟိုစာတိုက်ကြီးဟာလည်း လက်ရာကောင်းမွန်တဲ့ သမိုင်းဝင်အဆောက်ဦအဖြစ် တည်ရှိနေပါတယ်။ ဟိုယခင်က ဒီအဆောက်အဦဟာ ဘူးလော့ရှ်ဘရားသား ဆိုတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
၁၉၃၆ ခုနှစ်မှာ ဗြိတိသျှအစိုးရက တစ်ဆင့်ပြန်လည်ဝယ်ယူခဲ့ပြီး ဗဟိုစာတိုက်ကြီးအဖြစ် ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်ထဲကနေ ယနေ့အထိ ရန်ကုန်စာတိုက်ကြီးအဖြစ် တာဝန်တွေ ထမ်းဆောင်နေဆဲ အဆောက်အဦလည်းဖြစ်ပါတယ်။

 


၆။ ဗိုလ်ချုပ်အောင်ဆန်းဈေး

ဗိုလ်ချုပ်ဈေးလို့ အားလုံးသိကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းဈေးကို ဟိုယခင်က စကော့ဈေးလို့ ခေါ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာ တည်ရှိပြီ အရေးပါတဲ့ ရောင်းဝယ်ဖောက်ကားရာ ဈေးကြီးလည်း ဖြစ်ပါတယ်။
ဒီဈေးကြီးကို ၁၉၂၆ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး အဲဒီအချိန်က မြူနီစပယ်လူကြီးဖြစ်တဲ့ မစ္စတာဂါဗင်စကော့ ရဲ့ အမည်ကို ယူပြီး စကော့ဈေးလို့ ခေါ်တွင်စေခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် မြန်မာပြည်လွပ်လပ်ရေးရပြီး နောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းဈေးလို့ ပြန်လည်ပြောင်းလဲခဲ့ပါတယ်။

ရန်ကုန်မြို့မှာ နိုင်ငံခြားသားတွေကို ဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်ပြီး ရှေ့ဟောင်းပစ္စည်း၊ ကျောက်မျက်ရတနာ၊ အဝတ်အထည် ဆေးဝါး၊ စားအသောက်ဆိုင်တန်းတွေနဲ့ ခမ်းနားစွာ တည်ရှိပါတယ်။ အခြားခေတ်မီကုန်တိုက် ဈေးဝယ်စင်တာကြီးတွေ ဘယ်လိုပင်ပေါ်လာနေစေကာမူ ဗိုလ်ချုပ်ဈေးကတော့ အရင်အတိုင်း စည်ကားနေမြဲဖြစ်ပါတယ်။

 


၇။ ရန်ကုန်ဘူတာကြီး

ရန်ကုန်မြို့လယ်မှာ တည်ရှိပြီး ၁၈၇၇ ခုနှစ်မှာ ဗြိတိသျှပုံစံနဲ့ တည်ဆောက်ထားခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်မှာ ဂျပန်တို့ရဲ့ ဗုံးကျဲဒဏ်ခံခဲ့ရပြီး အဆောက်အဦကြီးဟာ ပျက်ဆီးသွားခဲ့ပါတယ်။
၁၉၇၄ ခုနှစ်မှာ မြန်မာ့မူဟန်ဒီဇိုင်းလက်ရာနဲ့ ပြန်လည်ပြင်ဆင်တည်ဆောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှာ အပြီးသတ်နိုင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ တစ်ဖန်ပြန်လည် ဖွင့်လှစ်နိုင်ခဲ့တဲ့ ရန်ကုန်ဘူတာကြီးဟာ မြန်မာနိုင်ငံမှာတော့ အကြီးဆုံး ရထားဘူတာအဖြစ် တည်ရှိနေပါတယ်။

 


၈။ ရန်ကုန်တက္ကသိုလ်

ရန်ကုန်မှာ နောက်ထပ် မဖြစ်မနေ သွားရောက်လည်ပတ် လေ့လာသင့်တဲ့နေရာကတော့ ရန်ကုန်တက္ကသိုလ်ပါ။ ကမာရွတ်မြို့နယ်မှာ တည်ရှိပြီး ၁၉၂၀ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြန်မာပြည်မှာ သက်တမ်းအရင်းဆုံးနဲ့ အထင်ရှားဆုံး တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ဒဏ်ကြောင့် တက္ကသိုလ်ထဲက အဆောက်အဦတွေ အတော်များများ ပျက်ဆီးခဲ့ပါတယ်။ ဘွဲ့နှင်းသဘင်ခန်းမ၊ ဂျပ်ဆင်ဘုရားကျောင်း၊ သစ်ပုပ်ပင်နဲ့ အဓိပတိလမ်းမကြီးတို့က ရန်ကုန်တက္ကသိုလ်ရဲ့  အထင်ရှားဆုံးနေရာတွေပဲဖြစ်ပါတယ်။ နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၅ နာရီထိ ဖွင့်လှစ်ထားပြီး အငှားကားနဲ့ လာမယ်ဆိုရင်လည်း လွယ်ကူပါတယ်။

 


၉။ အမျိုးသားပြတိုက်

နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းတွေကို အကောင်းဆုံး သိရှိနိုင်တဲ့နေရာကတော့ အမျိုးသားပြတိုက်ပါပဲ။ မြန်မာတို့ရဲ့ ရှေးကျသမိုင်းဝင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်လက်ရာတွေကို ရန်ကုန်အမျိုးသားပြတိုက်ရှိရာ အမှတ် ၆၆/၆၇ ပြည်လမ်းမှာ ပြသထားပါတယ်။ အမျိုးအမည်ပေါင်း ၄၀၀၀ လောက်ကို တစ်စုတစ်စည်းထဲ ကြည့်ရှူရမှာဖြစ်ပြီး အဲဒီထဲက အမျိုးပေါင်း ၃၀ လောက်ကို မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်ဘာသာတို့နဲ့ အသေးစိတ် ရှင်းပြထားတာကို နားဆင်နိုင်ပါတယ်။

 


၁၀။ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံတော်နဲ့ ပြည်သူများအတွက် အသက်ကိုစတေးခဲ့တဲ့ မြန်မာ့အမျိုးသား သူရဲကောင်းကြီးတစ်ဦးဖြစ်ပါတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်လာဖို့ အုပ်မြစ်ချခဲ့တဲ့ မြန်မာ့လွပ်လပ်ရေး ဗိသုကာတစ်ဦးအဖြစ် ထင်ရှားသူဖြစ်ပြီး ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ လုပ်ကြံခံခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဖြစ် ပြသထားတဲ့ အဆောက်အဦဟာ ၁၉၂၁ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ ရှေးကျတဲ့ ကိုလိုနီအဆောက်အဦလဲဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီနေရာမှာပဲ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်၊ သားများဖြစ်ကြတဲ့ အောင်ဆန်းဦး၊ အောင်ဆန်းလင်းနဲ့ သမီးဖြစ်သူ အောင်ဆန်းစုကြည်တို့နဲ့အတူ သူလုပ်ကြံမခံရမီ နှစ်နှစ်အထိ နေထိုင်ခဲ့ကြတဲ့ နေရာလည်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ပြတိုက်ဟာ သူရဲ့နေ့စဉ်အသုံးအဆောင်ပစ္စည်းတွေ၊ သမိုင်းဝင် ခမ်းနားတဲ့ဓါတ်ပုံတွေနဲ့အတူ ဗိုလ်ချုပ်ရဲ့ အငွေ့အသက်တွေနဲ့ ခြုံလွှမ်းနေပါတယ်။ ပြတိုက်ထဲကို ဝင်လာရင် ပထမဦးဆုံး တွေ့မြင်ရမှာကတော့ ဗိုလ်ချုပ်စီးနင်းခဲ့တဲ့ ကားပဲဖြစ်ပါတယ်။ ပြတိုက်ထဲမှာတော့ ဗိုလ်ချုပ်ရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ ပရိဘောဂတွေကို ဗိုလ်ချုပ်ရှိစဉ်ကအတိုင်းပဲ ခြေရာလက်ရာအပျက် ခင်းကျင်းပြသထားပါတယ်။ အခန်းတိုင်းစီမှာ သက်ဆိုင်ရာ ညွှန်ကြားချက် ဆိုင်းဘုတ်လေးတွေနဲ့ အသေးစိတ်ကိုလည်း ဖော်ပြထားပါသေးတယ်။

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ဟာ အမှတ် ၁၅ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗဟန်းမြို့နယ်မှာ တည်ရှိပြီး အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့ထိ နံနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲထိ ဖွင့်လှစ်ပြသထားပါတယ်။ တနင်္လာနေ့နဲ့ အများပြည်သူပိတ်ရက်တွေမှာတော့ ပြတိုက်လည်းပိတ်ပါတယ်။

 

ဓာတ်ပုံ - အွန်လိုင်းမှရယူသည်

***************************

Myanmar(Burma) has been British colonial for over hundred-year so there are many colonial era buildings which can tell history. Yangon has the highest number of colonial era building in South East Asia. Here are top 10 places you should visit in Yangon.

Most of the places are in downtown area so let’s start from downtown.

 

1.Yangon City Hall

Located on Maha Bandula road at the heart of the Yangon, next to the Sule Pagoda. The City Hall was designed by Myanmar architect U Tin. Construction started in 1926, after ten years of progress it was ended in 1936.

Yangon city hall is an impressive Myanmar triditional style building with tiered roofs called Pyatthat. You discover Myanmar decorative details such as green peacock above the central doorway and two green dragons took place each side of the wall. Nowadays, the building serves as the Yangon City Development Committee (YCDC).

 

2.Maha Bandula Park

High rise building and apartments are increasing day after day in Yangon downtown area. This expansion brings crowded urban spaces. Among all of these buildings Maha Bandula Park is a green oasis in the city of Yangon.

The park was named after General Maha Bandula who very first fought against the British (1824 -1826).

Maha Bandula Park located on Maha Bandula road, right in front of the Yangon City Hall. The Independence Monument was installed at the center of the park in 1948, replacing the statue of Queen Victoria which gifted by a wealthy Armenian firm in Yangon.

The park is covered with green trees, colorful flora and surrounded by landmark buildings such as Sule Pagoda, Yangon City Hall and High Court. People can sit, lie down or relax families can enjoy time together and there is also a baby playground and the beautiful fountain. Trees are decorating with colorful lights at night.

 

3.High Court

Another historical building is High Court, the highest seat of justice during the British colonial rule. It’s located on Pansondan Street just across the Maha Bandula Park.

It was designed by architect John Ransome, construction began in 1905. Completed in 1911, with a four faces clock tower which is Queen Anne revival structure housed the British court and then until 2006, the Supreme Court of Myanmar.

 

4.The Secretariat

Secretariat building is also known as the Ministers’ Office. Located on Thein Phyu Road, Victorian structure building constructed with a redbrick and U-shape. Construction began in late 1800s and completed in 1902.

On 19 July 1947, the National leader General Aung San and six cabinet ministers were assassinated during the meeting of Executive Council at the Ministers building. Currently, the building is closed to the public. However, each year on the anniversary of his death, General Aung San’s former office and the room where he and his cabinet were gunned down are open to the public.

 

5.General Post Office

Located at the corner of Bo Aung Kyaw Street and the Strand road. General Post Office is also one of the finest example of architectural heritage. It was the headquarters of Bulloch Brothers & Co before. The British government bought the building and convert into General Post Office in 1936. Today the building is still remain as the Yangon Central Post Office.

 

6.Bogyoke Aung San Market

Bogyoke Aung San Market was previously called Scott’s market. It is a major bazaar in Yangon, located on Bogyoke Aung San Road.

Bogyoke market was build in 1926 named after the Mr. Gavin Scott (Municipal Commissioner of the time). After Burmese independence in 1948, it was renamed after Bogyoke Aung San.

It is one of the tourist attraction in Yangon. Many variety shops sell jewellery, antiques, handicrafts and clothing, but also medicine, garments and all kinds of food. Although other modern style shopping malls are arising around downtown area Bogyoke Market is still popular and crowded.

 

7.Yangon Central Railway Station

Located in downtown area it was initially built in 1877, building was designed in the British Victorian style. But destroyed in World War II by Japanese bombers. And rebuilt the new one at the same place from 1947 to 1954 in traditional Burmese style.

The Grand opening ceremony of the Yangon Central Railway Station was held on 5 June 1954. It is a largest railway station in Myanmar.

 

8.Yangon University

Another must visit place in Yangon is Yangon University. It was build in 1920 and located in Kamayut township. It is the oldest and famous university in Myanmar. In World War II many of the University buildings were damaged.

Convocation Hall, Jusdon Church, Thit Pope Tree and Adipadi Road are the most outstanding places in University campus. It is open from 9:00am to 5:00pm everyday and can easily take a bus or taxi.

 

9.National Museum

In every country, National Museum is the best way you can find the their own culture, Yangon National Museum is the same where Myanmar's ancient heritage and culture are on display. Location at No. 66/67 Pyay Road. There are over 4000 items on display, and more than 30 have detailed audio explanations in Myanmar, English, Japanese and Chinese. 

The National Museum Yangon is open Tuesday to Sunday from 9:30 am-4:30 pm and closed on Mondays and Holidays.  Admission fee is $5 per person.

 

10.Bogyoke Aung San Museum

Bogyoke Aung San is the national hero of Myanmar people who sacrificed for the nation and country. He is known as the leading architect of Myanmar independence, the founder of Union of Myanmar who was assassinated on July 19, 1947.

“Bogyoke Aung San Museum” which is a colonial-era villa, built in 1921 and Bogyoke stayed there with his family, wife Daw Khin Kyi, sons, Aung San Oo and Aung San Lin, and daughter, Aung San Suu Kyi, about two years before his assassination.

The Museum is influenced by Bogyoke's life, such as his equipage, family living styles, great photos, his activities and his personal belongings in the Museum. The car used by General Aung San is very first thing to see at the Museum.

In the museum, the household furniture set up as it was during the time Bogyoke lived and the details about each room are described with maps making it easy to explore the museum.It is located at No.15, Bogyoke Museum Lane, Bahan Township. It is open at 9:30 am-4:30pm from Tuesday to Sunday but on Mondays and public holidays are closed.



PHOTOS Credit: Online


10 Aug 2018     4,780 Views




RELATED

Most Popular of Special or Others

Most Popular of Life Style