BEC-TERO TV

ကြွက်နားရွက်မှိုစားပြီးနောက် အတွင်းကလီစာများ ပျက်ဆီးလာသည့် ကလေးငယ်

13 Aug 2018     2,342 Views


အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ မိသားစုနဲ့အတူ ကြွက်နားရွက်မှိုသုတ် စားသုံးမိရာမှ အစာအဆိပ်သင့်ပြီး အတွင်းကလီစာများ ပျက်ဆီးကာ စိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံပေါ်မှာ အသက်လုနေရပါတယ်။
 

တရုပ်နိုင်ငံ ဟန်ကျိုးရှိ သားအမိသုံးဦးဟာ ဇူလိုင်လ ၂၇ ရက်နေ့က ကြွက်နားရွက်မှိုသုတ်ကို သူတို့ရဲ့နေအိမ်မှာပဲ အတူတူစားသောက်ခဲ့ကြပါတယ်။ ဒီမှိုသုတ်ဟင်းပွဲအတွက် ပြင်ဆင်ရာမှာ မိခင်ဖြစ်သူက ကြွက်နားရွက်မှိုများကို အေးနေအောင် ရေထဲတွင် စိမ်ထားပြီး နေအိမ်ရဲ့ လေသာဆောင်မှာ ၄၈ နာရီကြာ ထားခဲ့ပါတယ်။
 
အဲဒီနောက် မှိုများကို သုတ်စားကြရာ အသက် ၇ နှစ်အရွယ် “ဝမ်ဝမ်” ဆိုသည့် အငယ်ဆုံးသမီးလေးက သူမရဲ့အကြိုက်ဆုံးဟင်းလျာဖြစ်လို့ အများဆုံး စားခဲ့ပါတယ်။ အစ်ကိုဖြစ်သူက သိပ်မကြိုက်သဖြင့် တစ်ဇွန်းနှစ်ဇွန်းသာ စားခဲ့သည်။ မိခင်ကလည်း အနည်းငယ်သာ စားသောက်ခဲ့သည်။
 
နောက်တစ်နေ့မှာတော့ သားအမိ သုံးဦးစလုံး ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ မူဝေခြင်းစတဲ့ ဝေဒနာတွေကို ခံစားခဲ့ရပြီး ဆေးရုံတက်ခဲ့ရပါတယ်။ သူတို့ သုံးဦးထဲတွင် “ဝမ်ဝမ်” ရဲ့ အခြေအနေဟာ အဆိုးဆုံးဖြစ်ပြီး အထူးကြပ်မတ်ဆောင်မှာ တင်ပို့ကုသထားရပါတယ်။ သူမရဲ့ ကျောက်ကပ်နဲ့ အခြားအတွင်းကလီစာများ အလုပ်လုပ်နိုင်မှု ကျဆင်းနေပြီး ပျက်ဆီးလာစပြုနေပြီဖြစ်ကြောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။

သူမရဲ့ သွေးထဲမှာ အဆိပ်အတောက်များ တွေ့ရှိခဲ့သဖြင့် ဇူလိုင်လ ၃၁ ရက်ကနေ သြဂုတ်လ ၈ ရက်နေ့ထိ သွေးလဲလှယ်သွင်းယူမှု လေးကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ဆရာဝန်တွေရဲ့ တွေ့ရှိချက်အရ အနက်ရောက် ကြွက်နားရွက်မှိုမှ အက်ဆစ်တစ်မျိုးထုတ်လုပ်မှုကြောင့် အဆိပ်သင့်ခဲ့ကြောင်း ယူဆထားကြသည်။
 
လတ်တလောမှာတော့ သူတို့အနေနဲ့ အကောင်းဆုံးအနေအထားဖြစ်အောင် ကြိုးစားကုသပေးသွားမည်ဖြစ်ပေမယ့် အခြေအနေသိပ်ကောင်းပုံမရကောင်း ဆရာဝန်များက ပြောဆိုခဲ့သည်။
ကလေးအထူးကုဌါနမှ ဒေါက်တာရီရှန်း က အခုလို အဆိပ်ဖြစ်သွားခဲ့တာဟာ ကြွက်နားရွက်မှိုတွေကို ရေထဲမှာ အဖုံးအအုပ်မရှိပဲ ကြာမြင့်စွာ စိမ်ထားမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
 
ကြွက်နားရွက်မှိုဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုသည်ဆိုသော်လည်း အစားအသောက်ပြင်ဆင်ရာမှာတော့ သတိထားဖို့လိုအပ်ပါတယ်။

 


13 Aug 2018     2,342 Views




RELATED

Most Popular of Special or Others

Most Popular of NEWS