BEC-TERO TV

ရုပ်ရှင်ဒါရိုက်တာ မိုက်တီး၏ကားပေါ်တွင် မူးယစ်ဆေးပြားများနှင့်အတူဖမ်းမိ

17 Aug 2018     1,339 Views


သြဂုတ်လ ၁၆ ရက်နေ့ ည ၁၁ နာရီအချိန်တွင် ရှင်ရှင်ဒါရိုက်တာ မိုက်တီး မောင်းနှင်လာသော မော်တော်ယာဉ်ပေါ်အား စိတ်ကြွဆေးပြား ၂၀ ကျော်တွေ့ ရှိပြီး တာမွေမြို့ မရဲစခန်းက အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည် ။
 
Yangon Police ထုတ်ပြန်ချက်အပြည့်အစုံမှာ -
 
၁၆.၈.၂၀၁၈ ရက်နေ့ ည ၂၃၀၀ နာရီအချိန် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်၊ တာမွေ ကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက(၃)ရှေ့တွင် မော်တော် ယာဉ်များအား ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ်  သန်းထွန်းဇော်(ခ)မိုက်တီး မောင်းနှင်လာသော ယာဉ်အမှတ် 9D/------Mazda Demio အစိမ်းနုရောင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည် ။
 
 
သန်းထွန်းဇော်(ခ)မိုက်တီး ထိုင်နေသည့် ဖင်ထိုင်ခုံ နှင့် ကျောမှီကြားမှ မီးခိုးရောင် မျက်မှန်ဘူးအတွင်းထည့်ထားသည့်  အကြည်ရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထုပ်လျက် WY စာတန်းပါ  ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၇)ပြားပါ (၁)ထုပ်၊ အစိမ်းရောင် အဖုံးပါ ကော်ဘူးအတွင်းထည့်လျက် WY စာတန်းပါ ပန်းရောင်  စိတ်ကြွရူးသွပ်ဆေးပြား(၉)ပြား ပါ(၁)ဘူး၊ စုစုပေါင်း(၂၆)ပြား၊ အလေးချိန်(၂.၆)ဂရမ်၊ လက်ကိုင်ဖုန်း(၂)လုံး၊ မော်တော်ယာဉ်(၁)စီး၊  ယာဉ်မောင်းလိုင်စင်(၁)ခု၊ ၀ှီးတက်(၁)ခုတို့နှင့်အတူ ရှာဖွေသိမ်းဆည်း ရမိကြောင်း သိရသည် ။
 
မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော်(ခ)မိုက်တီး  (၅၃)နှစ်၊ (၁၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ်နေ သူအား တာမွေမြို့မရဲစခန်း  မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကာ ကွင်းဆက်တရားခံဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
 
Source : Yangon Police 

17 Aug 2018     1,339 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS