BEC-TERO TV

မြိတ်မြို့တွင် ဆိုင်ကယ်ဖြင့် လိုက်လံလုယက်သူများအား ဖမ်းဆီးရမိ(ရုပ်သံ)

17 Aug 2018     1,425 Views


မြိတ်မြို့ ကန်ဖျားလမ်းမကြီးတွင် ဆိုင်ကယ်စီးလာသူ အမျိုးသမီးသုံးဦးထံမှ လက်ကိုင်အိတ်ကို ဆိုင်ကယ်ဖြင့် နောက်ကလိုက်လံကာ လုယက်ခဲ့သူများအား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၅ ရက်နေ့ နေ့လည်း ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က မြိတ်​မြို့ ကန်​ဖျားလမ်းဆုံနှင့် ပိ​တောက်​ပင်​လမ်းဆုံကြား ကန်​ဖျားလမ်းမကြီးတွင်​ ဆိုင်​ကယ်​စီးလာသူ အမျိုးသမီးသုံးဦးထံမှ လက်​ကိုင်​အိတ်​အား ​နောက်​မှလိုက်​လာသော အမျိုးသားနှစ်ဦး စီးလာသည့် ဆိုင်​ကယ်​မှ ဘေးခြင်းကပ်ကာ လုယူ​မောင်းနှင်​ထွက်​​ပြေးသွားခဲ့သည်​။ လက်​ကိုင်​အိတ်​အတွင်း mi အမျိုးအစား ဖုန်းတစ်​လုံးနှင့် ​ငွေ​ရှစ်​​သောင်း​ကျော်​ပါသွား​ကြောင်း သိရှိရသည်​။
အဆိုပါဖြစ်စဉ်အား cctv မှတ်တမ်းတွင် ရိုက်ယူထားမိခဲ့ပြီး မြိတ်မြို့ရဲ့စခန်းမှ cctv မှတ်တမ်း ဓါတ်ပုံများကို မြို့​ပေါ်ရပ်​ကွက်​အုပ်​ချုပ်​​ရေးအဖွဲ့များနှင့်​တာဝန်​သိပြည်​သူများထံ​ပေးပို့စုံစမ်းခဲ့သည်။

ပြစ်မှုကျူးလွန်သူများအား ဆက်လက်စုံစမ်းခဲ့ရာ သြဂုတ်လ ၁၆ ရက်နေ့တွင် ဆိုင်ကယ်နောက်မှ ထိုင်လိုက်သူ ကလွင်​​ကျေးရွာအုပ်​စု ဝန်​ထမ်းရပ်​​နေ ​ကောင်းမြတ်​ထွန်း(ခ)ငရဲ အားဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ ​တောရ​ကျောင်းရပ်​ ​အေးသာယာလမ်း​နေ ကြယ်စင်လင်း(ခ)အကြီး​ကောင် ကို ဆက်လက်ဖမ်းဆီးမိခဲ့သည်။
ထွက်​ဆိုချက်​အရ ပြစ်​မှုကျူးလွန်​ပြီးနောက် လွှင့်ပစ်​ခဲ့သည့် လက်​ကိုင်​အိတ်​အား
ပုလဲဒီပါရပ်​ တရုတ်​ဘုံ​ကျောင်းအနီး ခြုံပုတ်​ထဲမှ ပြန်လည် သိမ်းဆည်းရခဲ့ကြောင်း သိရှိရသည်​။

သတင်း/ရုပ်သံ - ရိုးရိုးလေး


17 Aug 2018     1,425 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS