BEC-TERO TV

ယာဉ်တိုက်မှုဖြစ်သူ ယာဉ်မောင်းအမျိုးသမီးနဲ့ ပဋိပက္ခဖြစ်(ရုပ်သံ)

17 Aug 2018     1,377 Views


သြဂုတ်လ ၁၆ ရက်နေ့ နံနက်ဝေလီဝေလင်း ၁ နာရီ ၃၀ မိနစ်အချိန်ခန့်က ယာဉ်မောင်း အမျိုးသမီးတစ်ဦး အရက်မူးပြီး ကားမောင်းလာရာ ရန်ကုန်မြို့ အင်းစိန်ပန်ခြံအနီးတွင် လမ်းဘေးချရပ်ပြီး ဈေးဝယ်နေသော ကားတစ်စီးအား ဝင်တိုက်ခဲ့ပြီး ဆက်လက် မောင်းနှင် ထွက်ပြေးသွားခဲ့သည်။

မျက်မြင်သက်သေများ၏ အဆိုအရ အသက် ၄၀ ဝန်းကျင် ယာဉ်မောင်းအမျိုးသမီးမှာ အရက်မူးကာ ကားမောင်းလာခဲ့ပြီး အင်းစိန်ပန်ခြံအနီးတွင် ဈေးဆင်းဝယ်နေသော အခြားအမျိုးသမီးတစ်ဦး ရပ်ထားသော ကားကို နောက်မှ ဝင်တိုက်ကာ ဆက်လက်မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် နောက်မှလိုက်လံ ဖမ်းဆီးရာ အင်းစိန် ဘူတာရုံလမ်း မှတ်တိုင်အနီးတွင် ပြန်လည် ဖမ်းမိခဲ့သည်။ အမျိုးသမီးနှစ်ဦး အပြန်အလှန်ပြောဆို ပြဿနာဖြစ်နေချိန်တွင် ပတ်ဝန်းကျင်မှ လူများရောက်ရှိလာခဲ့သည်။

သက်ဆိုင်ရာ ယာဉ်ထိန်းရဲဌါနကို ဆက်သွယ်အကြောင်းကြားခဲ့ရာ ယာဉ်ထိန်းရဲများ ရောက်ရှိလာသည်။ ကားနဲ့တိုက်ခဲ့သူ အမျိုးသမီးက အရက်အလွန်မူးနေပြီ ပန်ဝန်းကျင်မှ လူများနဲ့ အချေအတင်ဖြစ်ခြင်း အပြန်အလှန်ကန်ကြောက်ခြင်းတို့ ရှိခဲ့သဖြင့် ယာဉ်ထိန်းရဲမှ အမျိုးသမီးအား လက်ထိပ်ခတ်ကာ အင်းစိန်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဗီဒီယိုဖိုင် လူမှုကွန်ယက်ပေါ်သို့ ပျံ့နှံ့ခဲ့ပြီးနောက် အမျိုးသမီးအား ခြေထောက်ဖြင့် လှမ်းကန်ခဲ့သူ အမျိုးသားအား ပြစ်တင်ဝေဖန်မှုများရှိသလို၊ အမျိုးသမီးက အရင်ကန်သဖြင့် ပြန်လည်ကန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယာဉ်ထိန်းရဲက အဆိုပါအမျိုးသမီးကို အော်ငေါက်ကာ လက်ထိပ်ခတ်ခဲ့သည့် အပေါ်တွင်လည်း ဝေဖန်ထားကြပြီး တစ်ဖက်ကလည်း အမျိုးသမီးမှာ အမူးလွန်ပြီး ထိန်းသိမ်းရခက်နေကြောင်း အပြန်အလှန် ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်။


17 Aug 2018     1,377 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS