BEC-TERO TV

မြန်မာပလာဇာရှိ အမျိုးသမီးသန့်စင်ခန်းအတွင်း ဖုန်းနဲ့ခိုးရိုက်တဲ့ ဖြစ်ရပ်

20 Aug 2018     5,114 Views


သြဂုတ်လ ၁၈ ရက် ည ၈ နာရီခန့်တွင် မြန်မာပလာဇာရှီ အမျိုးသမီး သန့်စင်ခန်းအတွင်းခိုးဝင်ကာ ဗီဒီယိုခိုးရိုက်သောအမျိုးသားတစ်ဦးကို ဗဟန်းမြို့ မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရသည် ။
 
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး Monn Monn ၏ Facebook ပေါ်တွင် ရေးသားချက်များအရ " မြန်မာပလာဇာက တာဝန်ယူသင့်ပါတယ် မိန်းကလေးတွေသတိထားကြပါ ။ မနေ့ကသူငယ်ချင်းတွေနဲ့ မြန်မာပလာဇာ harry's bar ကိုသွားပါတယ် ည၈:၃၀ ၉ နာရီဝန်းကျင်ပါ ။harry's အနောက်ဘက်နီးတဲ့အိမ်သာရှေ့မှာ ယောကျာ်းလေးတစ်စု ရပ်နေတယ် သူလိုကိုယ်လို အိမ်သာရှေ့မှာ စောင့်နေကြတယ်ပဲ ထင်မိပါတယ် ။ ခဏကြာသူငယ်ချင်းမိန်းကလေး၂ယောက် သန့်စင်ခန်းသွားပါတယ် သူတို့ပြန်လာတော့ကိုယ်လည်းသူငယ်ချင်းနဲ့အိမ်သာသွားပါတယ် ။
 
 
အဲဒီကအိမ်သာတည်ဆောက်ပုံအရ နှစ်လုံးးတွဲအိမ်သာ မျက်နှာချင်းဆိုင်ကတစ်ခန်းပါ နှစ်ခန်းတွဲ မှာ တစ်ခန်းကအသုံးပြုနေသူရှိနေပါတယ် သူငယ်ချင်းကသူ့ဘေးကပ်ရပ်အခန်းမှာဝင်ပါတယ်.. ခဏနေသူပြန်ထွက်လာတော့ အမရေ ခဏနေဦိးဘေးအိမ်သာအပေါ်ဘောင်ကိုကျော်ပြီး ဖုန်းနဲ့ camera လှမ်းရိုက်ပါတယ်လို့ပြောပါတယ် ကိုယ်လည်းအရမ်းလန့်သွားတယ် သေချာလို့လား မိန်းကလေးအချင်းချင်းဘာလုပ်တာလည်းဟ ဆိုပြီးခြေထောက်ချောင်းကြည့်တော့ ရှူးဖိနပ်စီးထားတယ် ။
 
အဲအချိန်ကောင်မလေးနောက်တစ်ယောက်ကအဲဘေးကပ်ရပ်အခန်းကိုဝင်သွားပါတယ် အဲဖိနပ်စီးထားတဲ့သူကဘေးနံရံဖက်ကိုလှည့်ပြီးခြေဖျားထောက်တာကိုလည်းတွေ့ရော security ကိုပြေးခေါ်ပြီး တံခါးထုတာ ထွက်လာတော့ယောကျာ်းလေးတစ်ယောက်ပါ ... ကျွန်တော်မူးနေလို့ပါဆိုပြီးပြောပါတယ် ဘေးနားလူရှိမရှိ camera နဲ့ကြည့်တာပါတဲ့ မင်းဖုန်းပြဆိုတော့ အိမ်သာထဲထပ်ဝင်ပြေးဖို့လုပ်ပါတယ် အဲအချိန်အိမ်သာမှာမိန်းကလေးငါးယောက်ရှိနေပြီ ရုပ်ရုပ်ရက်ရက်တွေစြဖ်ပြီး ရုံးခန်းကိုခေါ်သွားတယ် ဖုန်းကြည့်တော့ သူဗီဒီယိုတွေရိုက်ထားပါတယ် ဘေးအိမ်သာဝင်တဲ့သူတွေ ပြီးတော့မှန်ရှေ့ကကောင်မလေးတွေကိုလည်းအောက်ကနေပင့်ရိုက်ထားတာတွေလည်း ပါပါတယ် ။
 
 
ပါလာတဲ့အမျိုးသားသူငယ်ချင်းတွေ တခြားကောင်မလေးတွေရဲ့သူငယ်ချင်းတွေ အဲကောင်ကို ဝိုင်းထိုးမယ်လုပ်ကြတာ သူကသူ့ကိုထိရင်အဲဒီဓါတ်ပုံတွေ ဗီဒီယိုတွေမဖျက်ပေးဘူးဆိုပြီိးခြိမ်းခြောက်ပါတယ် အဲဒါနဲ့ရဲခေါ်ပြီးရဲစခန်းပို့လိုက်တယ် နောက် cctvပြန်ကြည့်တဲ့အချိန်မှာ သူ့သူငယ်ချင်းတွေကအပြင်ကလူရှင်းမရှင်းကြည့်ပေးတာ သူကပြေးဝင်ပြေးထွက်လုပ်နေတာ အရမ်းမိုက်ရိုင်းပါတယ် သကောင့်သားကအချုပ်ထဲရောက်တော့ သူက ငိုနေတယ် ဒီကိစ္စက ရဲစခန်းမှာလည်းသက်သေထွက်ချက်ပေးခဲ့ပါတယ် အသက်က၁၈ နှစ် ဘယ်လောက်ယုတ်မာလဲဆိုတာပြီးတော့လာငိုပြနေတာ ။
 

မိန်းကလေးအိမ်သာကိုယောကျာ်းလေးတစ်ယောက်ဝင်ပြီးဒီလိုလုပ်နေတာsecurity တွေမှာတာဝန်ရှိပါတယ် အရင်ကလည်းဒီလိုဖြစ်ဖူးတယ်လို့ကြားဖးတယ် security က သူတို့လည်းအချိန်ပြည့်မကြည့်နိုင်ဘူးဆိုပြီး သူတို့နဲ့မဆိုင်သလို ပြောပါတယ် shopping mall ကြီးတစ်ခုအအေနနဲ့လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ ....။
 
ရိုးရိုးသားသားမိန်းကလေးတွေအရှက်တကွဲ ဖြစ်ရတဲ့ကိစ္စပါ မတွေ့လိုက်လို့ အင်တာနက်ပေါ်ရောက်သွားဘယ်လောက်အရှက်ရမလဲဆိုတာ ... ရွံဖို့သိပ်ကောင်းတယ် အမျိုးသမီးတွေသတိထားကြပါ အဲမှာအိမ်သာဝင်ရင် ကိုယ့်အရှက်လုံခြုံရေးအတွက်ဘာမှအာမခံချက်မရှိပါ " ဟု သူမ၏ Facebook ပေါ်တွင်းရေးသားဖော်ပြထားပါသည် ။
 
 
အဆိုပါဖြစ်စဉ်တွင် ကျူး လွန်သူအမျိုးသားကို မြန်မာပလာ ဇာလုံခြုံရေးဝန်ထမ်းများနှင့် တာ ၀န်သိမိန်းကလေးများက ၀ိုင်းဝန်း  ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း မြန်မာပလာ ဇာက ထုတ်ပြန်သည်။ ထို့အပြင်  ကျူးလွန်သူ၏ ဖုန်းထဲမှ​​ ရုပ်သံ ဖိုင်များမပြန့်ပွားနိုင်အောင် ဥပ ဒေအရဆောင်ရွက်မည်ဖြစ်ပြီး၊ ထိုဖြစ်ရပ်ကြောင့် စိတ်အနှောင့် အယှက်ဖြစ်ခဲ့သော ဧည့်သည် တိုင်းကို ပလာဇာစီမံခန့်ခွဲရေးအ ဖွဲ့က အနူးအညွတ်တောင်းပန် ကြောင်းပါရှိသည်။ နောင်တွင် လည်းအလားတူဖြစ်ရပ်မျိုးမဖြစ် ပွားစေရန်လုံခြုံရေးစနစ်ကို ပိုမို  တင်းကျပ်တိုးမြှင့်မည်ဟု ပလာ ဇာ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်ဟု  7daydaily သတင်းဌာနတွင် ရေးသားဖော်ပြထားပါသည် ။
 
Source : Monn Monn

20 Aug 2018     5,114 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS