BEC-TERO TV

နိုင်ငံ့စီးပွားရေးကြောင့် တောင်သူတွေအတွက် စိုးရိမ်ပူပန်နေတဲ့ ဇေရဲထက်

21 Aug 2018     1,340 Views


လက်ရှိမြန်မာနိုင်ငံရဲ့ တရိပ်ရိပ်မြင့်တက်လာတဲ့ ဒေါ်လာဈေးနှုန်းတွေကြောင့် ငွေကြေးဖောင်းပွမှုတွေဖြစ်လာကာ ငွေကြေးများမြင့်တက်လာတာခြင်းကြောင့် ပြည်သူများအခက်တွေ့လျက်ရှိလို့နေပါတယ်။ တောင်သူဦးကြီးများကလည်း သီးနှံဈေးတွေကျနေတာကြောင့် စိုက်ပျိုးဖို့အဆင်မပြေဖြစ်နေတာကြောင့် နိုင်ငံ့စီးပွားရေးအတွက်စိတ်ပူမိကြောင်း သရုပ်ဆောင်မင်းသားချောဇေရဲထက်မှ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားထားပါတယ်။

“အရမ်းကြောက်စရာကောင်းသော အခြေအနေကြုံနေရတယ်… တောင်သူတွေအဆင်မပြေဖြစ်နေကြတယ်းးး သီနှံဈေးကျတော့ စိုက်ပျိုးရမှာကြောက်နေကြတယ်းးး သီးနှံမစိုက်ကြရင် နိုင်ငံရဲ့စားဝတ်နေရေးကကြောက်စရာကောင်းလာမှားးး အခုဆိုရင်တောင်သူလုပ်နေကြသော လူငယ်လူကြီးများ တိုင်းတပါးသွားကြပီးလက်အောက်ငယ်သားများအဖြစ် သွားရောက်လုပ်ကိုင်မည်ကိုကြားတဲ့အခါ စိတ်မကောင်းဖြစ်မိတယ်းးး အေးချမ်းသာယာပြီးစီးပွားရေးဖြစ်ထွန်းသော နိုင်ငံတနိုင်ငံအမြန်ဆုံးဖြစ်လာပါစေ” ဆိုပြီး နိုင်ငံရဲ့စားဝတ်နေရေးနဲ့ စီးပွားရေးအတွက်စိတ်ပူနေမိတဲ့အကြောင်းကို စိတ်မကောင်းစွာရေးသားထားတာပဲဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် မင်းသားချောဇေရဲထက်ဟာ အောင်မြင်မှုတွေများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပြီး ဇာတ်ကားပေါင်းမြောက်များစွာမှာလဲ ပါဝင်သရုပ်ဆောင်ထားသူဖြစ်ပါတယ်။ ပရိသတ်တွေကို အကောင်းဆုံးသောအနုပညာတွေ ချပြနိုင်ဖို့ကြိုးစားနေတဲ့ ဇေရဲထက်ဟာ မကြာခင်မှာရုံတင်ပြသတော့မယ့် ‘အဆိုတော်တွေနေတဲ့ရွာ’ ရုပ်ရှင်ဇာတ်ကားကြီးမှာလဲ ပါဝင်သရုပ်ဆောင်ထားပါတယ်….

 


21 Aug 2018     1,340 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment