BEC-TERO TV

ဘီယာကို အလွန်ကျူးသောက်သူရဲ့ ထိတ်လန့်ဖွယ် နောက်ဆုံးရလာဒ်

07 Sep 2018     1,467 Views


“ဘယ်ဘလီပစ်ကိုရာ” ဆိုသူ အမျိုးသမီးဟာ ကွယ်လွန်ချိန်မှာ အသက်က ၃၇ နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် အရိုးပေါ်အရေတင်၊ သွားတွေကလည်း မရှိတော့လောက်အောင် ကျိုးပဲ့ကျွတ်ထွက်ကုန်ပြီး ချိနဲ့စွာနဲ့ အိပ်ယာပေါ်မှာပဲ နှစ်အတော်ကြာ နာတာရှည်ကြီး တစ်ယောက်လို ဖြတ်သန်းခဲ့ရပါတယ်။

သူမဟာ အသက် ၂၀ ဝန်းကျင်ကစပြီး ဘီယာ အလွန်အကျူး သောက်တတ်တဲ့သူ တစ်ယောက်ဖြစ်လာပါတယ်။ ဘယ်လောက်တောင်သောက်လဲဆိုရင် တစ်နေ့ကို ဘီယာ ဗူး ၄၀ သောက်သုံးတဲ့ထိ ဖြစ်လာခဲ့ပါတယ်။
ဒီလို ဆက်တိုက် သောက်သုံးခဲ့တာကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သွားတွေလည်းမရှိ၊ စကားလည်း ကောင်းစွာမပြောနိုင်တော့ပဲ အထူးကြပ်မတ်ကုသ​ဂေဟာတစ်ခုမှာ နှစ်နဲ့ချီပြီး ဒုက္ခိတသဖွယ် နေထိုင်ခဲ့ရပါတယ်။

သူမအသက် ၃၅ နှစ်မှာ နောက်ဆုံးအခြေအနေကို ရောက်နေတဲ့အတွက် ​ဂေဟာက သူမကို မိသားစုနဲ့ အတူတူဖြတ်သန်းဖို့ အိမ်ပြန်ရန်ခွင့်ပြုခဲ့ပါတယ်။ သူမဟာ အိမ်ထောင်သည် ကလေး ၄ ယောက်ရဲ့ မိခင်လည်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ သူမ အသက် ၃၆ နှစ်မှာတော့ အသည်းရွတ်ရောဂါက ကျွမ်းနေပြီ ဆိုတာ သိလိုက်ရပါတယ်။

“ဘယ်ဘလီပစ်ကိုရာ” ရဲ့ ခင်ပွန်းဖြစ်သူ “အန်ထနီဟောဝါ့ဒ်” က သူမကို အနားကနေ တစ်ဖဝါးမှမခွာပဲ နောက်ဆုံးချိန်ထိ ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ “ဘယ်ဘလီ” ဟာ ဘီယာအလွန်အကျူးသောက်သူ ဖြစ်ကြောင်း သူတို့နှစ်ဦး တွေ့စထဲက “အန်ထနီ”က သိရှိထားပါတယ်။
“ဘယ်ဘလီ”ဟာ ယခင်ချစ်ရေးကိစ္စတစ်ခုကြောင့် အသည်းကွဲခဲ့ပြီး ဘီယာကို ဆက်တိုက်သောက်ရာမှ တစ်နေ့ ဗူး ၄၀ ထိ သောက်လာခဲ့ပါတယ်။ ဒီအကြောင်းတွေကို “အန်ထနီ” က သိပြီးသားဖြစ်လို့ သူမ ဘီယာသောက်တာကို နားလည်ပေးပြီး သူတို့နှစ်ဦး လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါကြောင့်မို့ သူ့ရဲ့ဇနီးသည်လို အဖြစ်မျိုးမဖြစ်ကြရအောင် “အန်ထနီ” က လူမှုကွန်ယက်ကနေ အားလုံး သတိထားဆင်ခြင်နိုင်ဖို့ “ဘယ်ဘလီ” ရဲ့ အဖြစ်ပျက်ကို ပြန်လည်ဝေမျှခဲ့ပါတယ်။
အသည်းရွတ်ရောဂါဟာ အသည်းရောဂါတစ်မျိုးဖြစ်ပြီး အယ်လ်ကိုဟော အလွန်အကျွံသောက်သူတွေမှာ ဖြစ်တတ်ပြီး အတွင်းကလီစာတွေ ပျက်ဆီးကာ ခန္ဓာကိုယ်က အားနည်းလာပါတယ်။

ဒါ့အပြင် ပန်ကရိယထဲမှာရှိတဲ့ သွေးဥတွေယောင်ရမ်းလာပြီး ပန်ကရိယက အဆိပ်ရည်တွေကို ထုတ်လုပ်လာတတ်ပါတယ်။ အကျိုးဆက်ကတော့ ခန္ဓာကိုယ်က အစာခြေစနစ်ကို အားနည်းလာစေပါတယ်။ အယ်လ်ကိုဟော သောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်ထဲက ခုခံအားစနစ်က ဆန့်ကျင်ဘက်အပျက်ဘက်သို့ လုပ်ဆောင်သွားတတ်ပါတယ်။ တစ်ကြိမ်လောက် အကြီးအကျယ်သောက်လိုက်တာနဲ့ ခန္ဓာကိုယ်က အဲဒီဒဏ်ကို ၂၄ နာရီလုံးလုံး ခံစားရပြီး ရုန်းကန်ချေဖျက်ရပါတယ်။ ဒီလိုမျိုးရေရှည် သောက်တတ်သူတွေဟာ တစ်ချိန်မှာ အဆုပ်ရောင်ရောဂါ ဖြစ်ပွားတတ်ပါတယ်။

ဒီလိုအခြေအနေတွေ အားလုံး ရင်ဆိုင်ခဲ့ရတဲ့ “ဘယ်ဘလီပစ်ကိုရာ” ရဲ့ နောက်ဆုံးအချိန်တွေဟာ ခက်ခဲခဲ့မှာ သေချာပါတယ်။ ဒါကြောင့် ဘီယာဟာ အရက်တော့ မဟုတ်ပါလို့ ဆိုသူတွေ ကျန်းမာရေး သတိလေးနဲ့ ဆေးဖြစ်ဝါးဖြစ်သာ သောက်သုံးကြပါလို့ အသိပေးလိုက်ပါရစေ။
 


07 Sep 2018     1,467 Views




RELATED

Most Popular of Special or Others

Most Popular of NEWS