BEC-TERO TV

ချစ်မိသွားပြီဆိုရင် စနိုက်လည်းကြော်မှာပဲဆိုတဲ့ အဒေါ်

17 Sep 2018     1,402 Views


လက်ထပ်ထားတာ တစ်လကျော်ပဲရှိသေးတဲ့ သတို့သမီးဟာ အဒေါ်အရင်းဖြစ်သူနဲ့ ခင်ပွန်းသည်တို့ကို အိပ်ယာထဲမှာ ကိုယ်လုံးတီးအနေအထားနဲ့ တွေ့လိုက်ရတာကြောင့် ဆောက်တည်ရာမရ တုန်လှုပ်ခြောက်ခြားသွားခဲ့ပါတယ်။

‘ကင်မ်အယ်လ်ကင်’ နဲ့ ‘ကန်နီ ဆလိုကွန်ဘီ’ တို့စုံတွဲ


အသက် ၃၃ နှစ်အရွယ် ‘ကင်မ်အယ်လ်ကင်’ ဆိုသူ အမျိုးသမီးဟာ တစ်ရက်မှာတော့ အလုပ်ကနေ အိမ်ကို အစောကြီးပြန်ရောက်လာပြီး သူမရဲ့ အိပ်ခန်းထဲကို ဝင်တဲ့အချိန်မှာ လုံးဝမျှော်လင့်မထားတဲ့ မြင်ကွင်းကို တွေ့လိုက်ရတာဖြစ်ပါတယ်။

သူမရဲ့သူငယ်ချင်းတွေက မင်္ဂလာဆောင်မှာကတည်းက သူမရဲ့ အဒေါ်ဖြစ်သူ ‘အက်စ်လေမောင့်’ နဲ့ သတို့သား ‘ကန်နီ ဆလိုကွန်ဘီ’ တို့ရဲ့ ဆက်ဆံရေးအပေါ် မူမှန်ကြလို့ သံသယရှိခဲ့ကြပါတယ်။ ဒါပေမယ့် သူမက သူငယ်ချင်းတွေရဲ့ သတိပေးစကားကို အမှတ်တမဲ့ပဲ နေလိုက်ပါတယ်။
အဒေါ်ဖြစ်သူဟာ သူမထက် အသက် ၁၀ နှစ်သာကြီးပြီး အခုလို မင်္ဂလာဆောင်ဖို့ကိုလည်း သူမကပဲ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

မင်္ဂလာဆောင်အပြီး သတို့သားနဲ့ အဒေါ်တို့တွဲရိုက်ထားတဲ့ပုံ


အဒေါ်ဖြစ်သူ ‘အက်စ်လေမောင့်’ ဟာ သူမရဲ့ခင်ပွန်းနဲ့ ၂၀၀၉ က အွန်လိုင်းမှာ တွေ့ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်၊ သူတို့မှာ ၇ နှစ်အရွယ် သားတစ်ယောက်ရှိပါတယ်။ အဒေါ်ဖြစ်သူမိသားစုက သူမရဲ့ အိမ်ကို ပြောင်းရွေ့နေထိုင်ပြီးနောက်ပိုင်း သူတို့ရဲ့ အိမ်ထောင်ရေး အခြေအနေဆိုးရွားလာခဲ့ပါတယ်၊ အဲဒီနောက် သူတို့နှစ်ဦး လမ်းခွဲခဲ့ကြပါတယ်။

တခုလပ်ဖြစ်နေတဲ့ အဒေါ်ကို အဆင်ပြေတဲ့အထိ သူတို့စုံတွဲနဲ့ပဲ အိမ်မှာနေဖို့ ဇနီးမောင်နှံ နှစ်ဦး သဘောတူ ဆုံးဖြတ်ကာ ဆက်လက်နေခွင့်ပြုခဲ့ပါတယ်။ လက်ထပ်ပြီး ၆ ပတ်လောက်ကြာတဲ့ တစ်ရက်မှာတော့ အဒေါ်ဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူတို့ ဆိုဖာပေါ်မှာ အတော်ကြီး ပူးပူးကပ်ကပ်ရှိနေတာကိုမြင်လိုက်တော့ သူမသူငယ်ချင်းတွေ မင်္ဂလာဆောင်အပြီးမှာ သတိပေးခဲ့တာကို အမှတ်ရသွားပြီး သံသယက ပိုကြီးသွားခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ အခြေအနေကို အကဲခတ်ဖို့ အိမ်ကို ခပ်စောစောပြန်လာတဲ့အခါမှာတော့ သူမရဲ့ အိပ်ခန်းထဲမှာ အဒေါ်ရော ယောက်ျားဖြစ်သူနှစ်ယောက်လုံး ကိုယ်လုံးတီးနဲ့ လက်ပူးလက်ကြပ် မိခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် နှစ်ယောက်စလုံးကို အိမ်ပေါ်ကနေ နှင်ချခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ‘ကန်နီ ဆလိုကွန်ဘီ’ က သူဒီလိုဖြစ်ရတာဟာ မိန်းမလုပ်သူ ‘ကင်မ်အယ်လ်ကင်’ က သူ့အပေါ် ထိန်းချုပ်လွန်းအားကြီးတာကြောင့်လို့ ဆိုပါတယ်။

အဒေါ်ဖြစ်သူကတော့ သူ့ရဲ့စည်းမစောင့်မှုကြောင့် တူမဖြစ်သူ အိမ်ထောင်ပြိုကွဲသွားတဲ့အပေါ် နောင်တမရပဲ “ချစ်မိသွားပြီဆိုတော့ ဘာမှမတတ်နိုင်ဘူးလေ” ဟု ပြန်လည်ပြောကြားခဲ့ပါတယ်။


17 Sep 2018     1,402 Views




RELATED

Most Popular of Special or Others

Most Popular of NEWS