BEC-TERO TV

ဘိုကလေးအချုပ်ခန်းမှ လွတ်မြောက်နေတဲ့ တရာခံ ၁ ဦးပြန်လည်ဖမ်းဆီးရမိ

19 Sep 2018     1,385 Views


စက်တင်ဘာ ၁၈ ရက်နေ့တွင် ဘိုကလေးမြို့ မရဲစခန်းအချုပ်ခန်းကို ဖောက်ပြေးတဲ့တရားခံ ၃ ဦးထဲကလွတ်မြောက်နေတဲ့ တရားခံ ၁ ဦးကို ရန်ကုန်မြို့  လှိုင်သာယာမြို့ နယ်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။
 
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၁၆း ၁၅ နာရီခန့်အချိန်တွင် လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအဖွဲ့က လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထာလမ်း၊ သမကုန်းအ၀ိုင်းအနီးတွင် မသင်္ကာအမျိုးသားတစ်ဦး တွေ့ရှိ၍ စစ်ဆေးရာ ၄င်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မရဲစခန်းမှ အချုပ်ဖောက် ထွက်ပြေးလာသည့် အဆိုပါ ရဲစခန်း (ပ)၃၄၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အမှုမှ တရားခံ လှနိုင်ဦး၊ (၃၃)နှစ်၊ ဘိုကလေးမြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး သွားရောက်ဖမ်းဆီးနိုင်ခဲ့သည် ။
 
 
ဘိုကလေးမြို့မရဲစခန်းမှာ စက်တင်ဘာ ၁၈ ရက်မနက် ၃ နာရီခွဲ လောက်က အချုပ်ခန်း သစ်သားတိုင်ကို သံဖြတ်လွှနဲ့ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား ၃ ဦးအနက် ၂ ဦးကို ပြန်လည် ဖမ်းဆီးရမိပြီး လွတ်မြောက်နေသူကို စက်တင်ဘာ ၁၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ပြန်လည်ဖမ်းဆီး ရမိခဲ့တာပါဟု Yangon Police သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည် ။
 
ဖမ်းဆီးရမိတဲ့ တရားခံ လှနိုင်ဦးကို ညနေ ၁၇း ၂၅ နာရီ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအရဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
 
Souce : Yangon Police 

19 Sep 2018     1,385 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS