BEC-TERO TV

လီယွန်နယ် မက်စီ၏ ဟစ်ထရစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဘာစီလိုနာ

19 Sep 2018     1,419 Views


ချန်ပီယံလိဒ် အုပ်စု B ရဲ့ အဖွင့်ပွဲစဉ်အဖြစ် မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘာစီလိုနာအသင်းက နယ်သာလန်ကလပ် PSV အသင်းကို လီယွန်နယ် မက်စီ၏ ဟစ်ထရစ်ဂိုးနဲ့အတူ ၄ - ၀ ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။

အဆိုပါပွဲတွင်ဘာစီလိုနာအသင်းဟာ ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း PSV အသင်းက တန်ပြန်တိုက်စစ်ဖြင့် ခြိမ်းခြောက် တိုက်စစ်ဆင်နိင်ခဲ့တာကြောင့်  မိနစ် ၃၀ အထိ ဘာစီလိုနာအသင်း ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။ 

ပွဲကစားချိန် ၃၁ မိနစ်အရောက်မှာ ဒန်ဘီလီ ရဲ့ ပြစ်ဒဏ်ဘောမှတဆင့် ဖရီးကစ်ဂိုးဖြင့် လှပသေသပ်စွာ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အဖွင့်ဂိုးရရှိပြီးနောက်မှာ ဘာစီလိုနာအသင်းဟာ ခြေစွမ်းပိုကောင်းလာပြီး အသာစီးအနေအထားဖြင့် ၇၄ မိနစ်မှာ ဒန်ဘီလီ၊ ၇၇ မိနစ် ၊ ၈၇ မိနစ်တွေမှာ လီယွန်နယ် မက်စီ တို့ရဲ့ဂိုးတွေနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ၇၉ မိနစ်မှာ ဘာစီလိုနာနောက်ခံလူ  အမ်တီတီဟာ နှစ်ဝါတစ်နီဖြင့် အနီကဒ်ပြခံရကာ ပွဲကနေထွက်ခွာခဲ့ရပါတယ်။

အဆိုပါနိုင်ပွဲကြာင့် ဟာ ဘာစီလိုနာအုပ်စု B ရဲ့ အင်တာအသင်းကို  ဂိုးကွာခြား အသာဖြင့် ပထမနေရာကို ရယူနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းက ချန်ပီယံလိဒ် နောက်ဆုံးပွဲစဉ် ၂၇ ပွဲမှာ ၂၅ ပွဲအထိ နိုင်ပွဲရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ထပ် လာလီဂါပွဲစဉ်အဖြစ် ဂျီရိုနာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမည်ဖြစ်ပြီး ချန်ပီယံလိဂ် ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာ ၃ ရက်နေ့ ၀င်ဘလေ ကစားကွင်းတွင် တော့တင်ဟမ် အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။


19 Sep 2018     1,419 Views




RELATED

Most Popular of Football

Most Popular of NEWS